သီဆိုဖျော်ဖြေနေချိန်မှာ ပရိသတ်တစ်ဦးကစင်မြင်ပေါ်ခုန်တက်လာတာကို ကြုံတွေ့လိုက်ရတဲ့ CL

Posted on

CL ကတော့ ဆိုးဝါးတဲ့အခြေအနေမှာတောင်မှ အကောင်းဆုံးဖျော်ဖြေမှုကိုလုပ်ဆောင်နိုင်တဲ့ ပရော်ဖက်ရှင်နယ်ကျသူတစ်ယောက်ပါပဲ။ သူကတော့Chung-Ang University ရဲ့ပွဲတော်တစ်ခုဖြစ်တဲ့ 2022 Fall LUCAUS: Born Again မှာ စက်တင်ဘာလ(၂၉) ရက်နေ့က ပါဝင်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။


CL ကတော့ အမိုက်စားအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ကာ Doctor Pepper ဆိုတဲ့သီချင်းကို စင်မြင့်ပေါ်မှာ သီဆိုဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ်ထဲကမှအမျိုးသားတစ်ဦးကတော့ စင်ပေါ်ကိုရုတ်တရက်တက်လာခဲ့ပြီး CL ဆီကိုပြေးလာခဲ့တာဖြစ်ပါတယ်။ CL ကတော့ မထင်မှတ်ထားတဲ့အခြေအနေမှာ စင်ပေါ်ကိုရုတ်တရက်တက်လာခဲ့တဲ့ပရိသတ်ကို ရယ်မောပွေ့ဖက်ကာဖျော်ဖြေမှုကိုဆက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲစင်ပေါ်ကိုတက်လာခဲ့တဲ့ပရိသတ်ကတော့ CL ရဲ့ပရိသတ်အစစ်တစ်ယောက်ဖြစ်ပြီး တစ်စုံတစ်ရာထိခိုက်အောင်မလုပ်ခဲ့ပါဘူး။ ပရိသတ်တွေကတော့ CL ရဲ့ပရော်ဖက်ရှင်နယ်ကျစွာနဲ့အကောင်းဆုံးဖျော်ဖြေသွားတာကို ချီးကျူးနေခဲ့ကြပြီး လုံခြုံရေးရဲ့လိုအပ်ချက်ကို ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

သီဆိုေဖ်ာ္ေျဖေနခ်ိန္မွာ ပရိသတ္တစ္ဦးကစင္ျမင္ေပၚခုန္တက္လာတာကို ႀကဳံေတြ႕လိုက္ရတဲ့ CL
CL ကေတာ့တကယ့္ကို ပေရာ္ဖက္ရွင္နယ္ပီသတာပဲ…
CL ကေတာ့ ဆိုးဝါးတဲ့အေျခအေနမွာေတာင္မွ အေကာင္းဆုံးေဖ်ာ္ေျဖမႈကိုလုပ္ေဆာင္ႏိုင္တဲ့ ပေရာ္ဖက္ရွင္နယ္က်သူတစ္ေယာက္ပါပဲ။ သူကေတာ့Chung-Ang University ရဲ႕ပြဲေတာ္တစ္ခုျဖစ္တဲ့ 2022 Fall LUCAUS: Born Again မွာ စက္တင္ဘာလ(၂၉) ရက္ေန႔က ပါဝင္ေဖ်ာ္ေျဖခဲ့တာျဖစ္ပါတယ္။


CL ကေတာ့ အမိုက္စားအနက္ေရာင္ဝတ္စုံကိုဝတ္ဆင္ကာ Doctor Pepper ဆိုတဲ့သီခ်င္းကို စင္ျမင့္ေပၚမွာ သီဆိုေဖ်ာ္ေျဖေနခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ထဲကမွအမ်ိဳးသားတစ္ဦးကေတာ့ စင္ေပၚကို႐ုတ္တရက္တက္လာခဲ့ၿပီး CL ဆီကိုေျပးလာခဲ့တာျဖစ္ပါတယ္။ CL ကေတာ့ မထင္မွတ္ထားတဲ့အေျခအေနမွာ စင္ေပၚကို႐ုတ္တရက္တက္လာခဲ့တဲ့ပရိသတ္ကို ရယ္ေမာေပြ႕ဖက္ကာေဖ်ာ္ေျဖမႈကိုဆက္လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ကံေကာင္းစြာနဲ႔ပဲစင္ေပၚကိုတက္လာခဲ့တဲ့ပရိသတ္ကေတာ့ CL ရဲ႕ပရိသတ္အစစ္တစ္ေယာက္ျဖစ္ၿပီး တစ္စုံတစ္ရာထိခိုက္ေအာင္မလုပ္ခဲ့ပါဘူး။ ပရိသတ္ေတြကေတာ့ CL ရဲ႕ပေရာ္ဖက္ရွင္နယ္က်စြာနဲ႔အေကာင္းဆုံးေဖ်ာ္ေျဖသြားတာကို ခ်ီးက်ဴးေနခဲ့ၾကၿပီး လုံၿခဳံေရးရဲ႕လိုအပ္ခ်က္ကို ေဝဖန္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။