ကိုယ်အလေးချိန်တက်လာတဲ့အကြောင်းကို ပရိသတ်တွေကိုရှင်းပြခဲ့တဲ့ Goo Hye Sun

Posted on

Goo Hye Sun ကတော့ စိတ်ဖိစီးမှုတွေကြောင့် သူ့ကိုယ်အလေးချိန်တက်လာတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ သူကတော့ စက်တင်ဘာလ (၃၀) ရက်နေ့ကတော့ Chunsa Film Art Awards 2022 ပွဲကို ဒါရိုက်တာတစ်ယောက်အနေနဲ့တက်ရောက်ခဲ့ပါတယ်။


သူကတော့အင်စတာဂရမ်မှာ မကြာသေးခင်ကကိုယ်အလေးချိန်တက်လာတာနဲ့ပတ်သက်ပြီး ရေးသားခဲ့ပါတယ်။ “ငါတစ်စုံတစ်ခုနဲ့တွေ့ကြုံခဲ့ရတာကြောင့် ကိုယ်အလေးချိန်နည်းနည်းလေးတက်လာခဲ့ပါတယ်။ 2022 Busan International Film Festival ကိုတော့ ကောင်းမွန်တဲ့ပုံစံနဲ့ပြန်လာခဲ့ပါမယ်။ 2022 Busan International Film Festival မှာတွေ့ကြပါမယ်” လို့ ရေးသားခဲ့ပါတယ်။


ပရိသတ်တွေကတော့ အခုလိုအလေးချိန်တက်လာတာက သူ့ရဲ့ခွေးလေး Gamja ကြောင့်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ စက်တင်ဘာလ(၁၄)ရက်နေ့ကတော့ သူ့ရဲ့အချစ်တော်ခွေးလေးသေဆုံးသွားတာ တစ်လခန့်ရှိပြီဆိုတာကို မျှဝေခဲ့ပါသေးတယ်။ Goo Hye Sun ကတော့ 2022 Busan International Film Festival ကိုတော့ အောက်တိုဘာလ(၅)ရက်နေ့နဲ့ (၆)ရက်နေ့မှာတက်ရောက်သွားမှာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကိုယ္အေလးခ်ိန္တက္လာတဲ့အေၾကာင္းကို ပရိသတ္ေတြကိုရွင္းျပခဲ့တဲ့ Goo Hye Sun
Goo Hye Sun ကေတာ့ စိတ္ဖိစီးမႈေတြေၾကာင့္ သူ႔ကိုယ္အေလးခ်ိန္တက္လာတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ သူကေတာ့ စက္တင္ဘာလ (၃၀) ရက္ေန႔ကေတာ့ Chunsa Film Art Awards 2022 ပြဲကို ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔တက္ေရာက္ခဲ့ပါတယ္။


သူကေတာ့အင္စတာဂရမ္မွာ မၾကာေသးခင္ကကိုယ္အေလးခ်ိန္တက္လာတာနဲ႔ပတ္သက္ၿပီး ေရးသားခဲ့ပါတယ္။ “ငါတစ္စုံတစ္ခုနဲ႔ေတြ႕ႀကဳံခဲ့ရတာေၾကာင့္ ကိုယ္အေလးခ်ိန္နည္းနည္းေလးတက္လာခဲ့ပါတယ္။ 2022 Busan International Film Festival ကိုေတာ့ ေကာင္းမြန္တဲ့ပုံစံနဲ႔ျပန္လာခဲ့ပါမယ္။ 2022 Busan International Film Festival မွာေတြ႕ၾကပါမယ္” လို႔ ေရးသားခဲ့ပါတယ္။
ပရိသတ္ေတြကေတာ့ အခုလိုအေလးခ်ိန္တက္လာတာက သူ႔ရဲ႕ေခြးေလး Gamja ေၾကာင့္ျဖစ္ႏိုင္တယ္လို႔ ယူဆၾကပါတယ္။ စက္တင္ဘာလ(၁၄)ရက္ေန႔ကေတာ့ သူ႔ရဲ႕အခ်စ္ေတာ္ေခြးေလးေသဆုံးသြားတာ တစ္လခန႔္ရွိၿပီဆိုတာကို မွ်ေဝခဲ့ပါေသးတယ္။ Goo Hye Sun ကေတာ့ 2022 Busan International Film Festival ကိုေတာ့ ေအာက္တိုဘာလ(၅)ရက္ေန႔နဲ႔ (၆)ရက္ေန႔မွာတက္ေရာက္သြားမွာျဖစ္ပါတယ္။