Broker ဇာတ်ကားနဲ့အတူ သရုပ်ဆောင်နဲ့ပတ်သက်ပြီးထိပ်တန်းတစ်ယောက်အဖြစ် ပြသနိုင်ခဲ့တဲ့ IU

Posted on

IU ကတော့ ဂီတပိုင်းမှာထိပ်တန်းအနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေသလို သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်ရဲ့ချစ်ခင်မှုကိုရရှိထားတာ ဖြစ်ပါတယ်။ (၂၇) ကြိမ်မြောက် Chunsa Film Art Awards မှာတော့ ဂီတပိုင်းအပြင် သရုပ်ဆောင်ပိုင်းမှာပါထူးချွန်တဲ့ထိပ်တန်းတစ်ယောက်ဆိုတာကို ပြသနိုင်ခဲ့ပြန်ပါတယ်။


Move Again ဆိုတဲ့ဆောင်ပုဒ်နဲ့ကျင်းပခဲ့တဲ့အခမ်းအနားမှာတော့ ရုပ်ရှင်နယ်ပယ်မှာပံ့ပိုးခဲ့သူတွေကိုဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲမှာတော့ Best Actor, Best Actress, Best Supporting Actor, Best Supporting Actressစတဲ့ဆုတွေအပြင် Best New Actor, Best New Actress, Best Director, Best New Director, Best Screenplay စတဲ့ဆုတွေပါဝင်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာတော့ IU ဟာ Broker ဇာတ်ကားနဲ့အတူ ဆုကြီးတစ်ဆုကိုရရှိခဲ့ပါတယ်။


IU ကတော့ (၂၇) ကြိမ်မြောက် Chunsa Film Art Awards မှာ အခြားသောဆန်ကာတင်စာရင်းဝင်တွေဖြစ်တဲ့ Bang Min Ah ၊ Kim Hye Yoon နဲ့ Shin Si Ah တို့ကိုကျော်တက်ပြီး Rookie of the Year ဆုကို ရရှိခဲ့ပါတယ်။သူကတော့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဆုပေးပွဲကိုတက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ Congradulations ပါ IU ရေ။
Zawgyi ဖြင့်ဖတ်ရန်

Broker ဇာတ္ကားနဲ႔အတူ သ႐ုပ္ေဆာင္နဲ႔ပတ္သက္ၿပီးထိပ္တန္းတစ္ေယာက္အျဖစ္ ျပသႏိုင္ခဲ့တဲ့ IU
IU ကေတာ့ ဂီတပိုင္းမွာထိပ္တန္းအႏုပညာရွင္တစ္ေယာက္အျဖစ္ရပ္တည္ေနသလို သ႐ုပ္ေဆာင္ပိုင္းမွာလည္း ပရိသတ္ရဲ႕ခ်စ္ခင္မႈကိုရရွိထားတာ ျဖစ္ပါတယ္။ (၂၇) ႀကိမ္ေျမာက္ Chunsa Film Art Awards မွာေတာ့ ဂီတပိုင္းအျပင္ သ႐ုပ္ေဆာင္ပိုင္းမွာပါထူးခြၽန္တဲ့ထိပ္တန္းတစ္ေယာက္ဆိုတာကို ျပသႏိုင္ခဲ့ျပန္ပါတယ္။

Move Again ဆိုတဲ့ေဆာင္ပုဒ္နဲ႔က်င္းပခဲ့တဲ့အခမ္းအနားမွာေတာ့ ႐ုပ္ရွင္နယ္ပယ္မွာပံ့ပိုးခဲ့သူေတြကိုဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။ ဆုေပးပြဲမွာေတာ့ Best Actor, Best Actress, Best Supporting Actor, Best Supporting Actressစတဲ့ဆုေတြအျပင္ Best New Actor, Best New Actress, Best Director, Best New Director, Best Screenplay စတဲ့ဆုေတြပါဝင္ခဲ့ပါတယ္။ ဒီဆုေပးပြဲမွာေတာ့ IU ဟာ Broker ဇာတ္ကားနဲ႔အတူ ဆုႀကီးတစ္ဆုကိုရရွိခဲ့ပါတယ္။
IU ကေတာ့ (၂၇) ႀကိမ္ေျမာက္ Chunsa Film Art Awards မွာ အျခားေသာဆန္ကာတင္စာရင္းဝင္ေတြျဖစ္တဲ့ Bang Min Ah ၊ Kim Hye Yoon နဲ႔ Shin Si Ah တို႔ကိုေက်ာ္တက္ၿပီး Rookie of the Year ဆုကို ရရွိခဲ့ပါတယ္။သူကေတာ့ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံထားရတာေၾကာင့္ ဆုေပးပြဲကိုတက္ေရာက္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ Congradulations ပါ IU ေရ။