ဆုပေးပွဲမှာနာမည်ကျော်တွေဖြစ်တဲ့ Song Joong Ki နဲ့ Jung Hae In တို့ထက် အာလုံးကိုဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီး

Posted on

2022 APAN Star Awards ပွဲကတော့ မကြာသေးခင်ကကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ ထိပ်တန်းကြယ်ပွင့်များစွာတက်ရောက်ခဲ့တာပါ။ ဒီပွဲမှာတော့ နာမည်ကျော်တွေဖြစ်တဲ့ Song Joong Ki နဲ့ Jung Hae In တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ဒီပွဲမှာတော့ ကော်ဇောနီထက်မှာ အမိုက်စားဖက်ရှင်တွေနဲ့အတူအားလုံးကိုဖမ်းစားနိုင်ခဲ့တဲ့မင်းသမီးတစ်လက်ရှိပါတယ်။


သူကတော့ Lee Ga Ryeong ဖြစ်ပါတယ်။ Lee Ga Ryeong ကတော့ အနီရောင်ရဲရဲဝတ်စုံကိုဝတ်ဆင်လာတာဖြစ်ပြီး မြင့်မားတဲ့အရပ်အမောင်းနဲ့လိုက်ဖက်နေတာကြောင့် တကယ်ကိုဖက်ရှင်ရွေးချယ်မှုမှန်ကန်ပြီးဆွဲဆောင်မှုရှိတာဖြစ်ပါတယ်။ ဒီဝတ်စုံကတော့ သူ့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုပေါ်လွင်စေပြီး ရှေ့ကွဲဝတ်စုံဖြစ်တာကြောင့်လည်း သွယ်လျတဲ့သူ့ခြေတံတွေကို ပေါ်လွင်စေခဲ့ပါတယ်။


Lee Ga Ryeong ကတော့ သူ့ရဲ့အသက်ဟာ(၄၃)ဖြစ်တယ်ဆိုတာကို Love (ft. Marriage and Divorce) ဇာတ်လမ်းတွဲအပြီးမှာ ဖော်ပြခဲ့ပါတယ်။ ဆုပေးပွဲမှာတော့ Lee Ga Ryeong တင်မက ဒရမ်မာမှာပါဝင်ခဲ့တဲ့ Sung Hoon ၊ Lee Tae Gon နဲ့ Park Joo Mi တို့ကလည်း မီဒီယာတွေကိုဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi ဖြင့်ဖတ်ရန်

ဆုေပးပြဲမွာနာမည္ေက်ာ္ေတြျဖစ္တဲ့ Song Joong Ki နဲ႔ Jung Hae In တို႔ထက္ အာလုံးကိုဖမ္းစားႏိုင္ခဲ့တဲ့ မင္းသမီး

2022 APAN Star Awards ပြဲကေတာ့ မၾကာေသးခင္ကက်င္းပခဲ့တာျဖစ္ၿပီး ဒီပြဲမွာေတာ့ ထိပ္တန္းၾကယ္ပြင့္မ်ားစြာတက္ေရာက္ခဲ့တာပါ။ ဒီပြဲမွာေတာ့ နာမည္ေက်ာ္ေတြျဖစ္တဲ့ Song Joong Ki နဲ႔ Jung Hae In တို႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။ဒီပြဲမွာေတာ့ ေကာ္ေဇာနီထက္မွာ အမိုက္စားဖက္ရွင္ေတြနဲ႔အတူအားလုံးကိုဖမ္းစားႏိုင္ခဲ့တဲ့မင္းသမီးတစ္လက္ရွိပါတယ္။


သူကေတာ့ Lee Ga Ryeong ျဖစ္ပါတယ္။ Lee Ga Ryeong ကေတာ့ အနီေရာင္ရဲရဲဝတ္စုံကိုဝတ္ဆင္လာတာျဖစ္ၿပီး ျမင့္မားတဲ့အရပ္အေမာင္းနဲ႔လိုက္ဖက္ေနတာေၾကာင့္ တကယ္ကိုဖက္ရွင္ေ႐ြးခ်ယ္မႈမွန္ကန္ၿပီးဆြဲေဆာင္မႈရွိတာျဖစ္ပါတယ္။ ဒီဝတ္စုံကေတာ့ သူ႔ရဲ႕ခႏၶာကိုယ္ေကာက္ေၾကာင္းကိုေပၚလြင္ေစၿပီး ေရွ႕ကြဲဝတ္စုံျဖစ္တာေၾကာင့္လည္း သြယ္လ်တဲ့သူ႔ေျခတံေတြကို ေပၚလြင္ေစခဲ့ပါတယ္။


Lee Ga Ryeong ကေတာ့ သူ႔ရဲ႕အသက္ဟာ(၄၃)ျဖစ္တယ္ဆိုတာကို Love (ft. Marriage and Divorce) ဇာတ္လမ္းတြဲအၿပီးမွာ ေဖာ္ျပခဲ့ပါတယ္။ ဆုေပးပြဲမွာေတာ့ Lee Ga Ryeong တင္မက ဒရမ္မာမွာပါဝင္ခဲ့တဲ့ Sung Hoon ၊ Lee Tae Gon နဲ႔ Park Joo Mi တို႔ကလည္း မီဒီယာေတြကိုဖမ္းစားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။