Jennie ရဲ့ပုံတွေပေါက်ကြားစေခဲ့သူကို ဥပဒေအရအရေးယူပြီဖြစ်ကြောင်းကြေညာလိုက်တဲ့ YG Entertainment

Posted on

Blackpink အဖွဲ့ဝင် Jennie ကတော့ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိနေသလို အတိုက်အခိုက်တွေ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်ရတဲ့သူတစ်ယောက်ပါ။ သူကတော့ မကြာသေးခင်က ကိုယ်ရေးကိုယ်တာပုံတွေပေါက်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီပုံတွေက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးလူပြောများခဲ့တာပဲဖြစ်ပါတယ်။

Jennie ရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment ကနောက်ဆုံးမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေအရအရေးယူပြီဖြစ်ကြောင်းကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ YG ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးရဲကိုစုံစမ်းစစ်ဆေးဖို့ပန်ကြားခဲ့ပြီး အချက်အလက်တွေစုဆောင်းကာ စက်တင်ဘာလက တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။


YG ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးရပ်တည်ချက်ကိုတစ်စုံတစ်ရာမှတ်ချက်မပေးခဲ့သော်လည်း အနုပညာရှင်အပေါ် ကောလာဟလတွေ စွပ်စွဲချက်တွေနဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကိုကြုံရတာကြောင့်တာဝန်ရှိတယ်လို့ ခံစားလာရတာဖြစ်ပြီး ဥပဒေအရအရေးယူဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အနုပညာရှင်ရဲ့ဂုဏ်သိက္ခာထိခိုက်စေတာတွေကို ဥပဒေအရအရေးယူပြီးကာကွယ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Jennie ရဲ႕ပုံေတြေပါက္ၾကားေစခဲ့သူကို ဥပေဒအရအေရးယူၿပီျဖစ္ေၾကာင္းေၾကညာလိုက္တဲ့ YG Entertainment
Blackpink အဖြဲ႕ဝင္ Jennie ကေတာ့ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈေတြရရွိေနသလို အတိုက္အခိုက္ေတြ ေဝဖန္မႈေတြကိုလည္း ရင္ဆိုင္ရတဲ့သူတစ္ေယာက္ပါ။ သူကေတာ့ မၾကာေသးခင္က ကိုယ္ေရးကိုယ္တာပုံေတြေပါက္ၾကားခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့ဒီပုံေတြက အင္တာနက္မွာပ်ံ႕ႏွံ႔ခဲ့ၿပီးလူေျပာမ်ားခဲ့တာပဲျဖစ္ပါတယ္။


Jennie ရဲ႕ေအဂ်င္စီျဖစ္တဲ့ YG Entertainment ကေနာက္ဆုံးမွာေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဥပေဒအရအေရးယူၿပီျဖစ္ေၾကာင္းေၾကညာလိုက္တာပဲ ျဖစ္ပါတယ္။ YG ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီးရဲကိုစုံစမ္းစစ္ေဆးဖို႔ပန္ၾကားခဲ့ၿပီး အခ်က္အလက္ေတြစုေဆာင္းကာ စက္တင္ဘာလက တိုင္ခ်က္ဖြင့္ခဲ့တာျဖစ္ပါတယ္။
YG ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီးရပ္တည္ခ်က္ကိုတစ္စုံတစ္ရာမွတ္ခ်က္မေပးခဲ့ေသာ္လည္း အႏုပညာရွင္အေပၚ ေကာလာဟလေတြ စြပ္စြဲခ်က္ေတြနဲ႔ပုဂၢိဳလ္ေရးတိုက္ခိုက္မႈေတြကိုႀကဳံရတာေၾကာင့္တာဝန္ရွိတယ္လို႔ ခံစားလာရတာျဖစ္ၿပီး ဥပေဒအရအေရးယူဖို႔ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အႏုပညာရွင္ရဲ႕ဂုဏ္သိကၡာထိခိုက္ေစတာေတြကို ဥပေဒအရအေရးယူၿပီးကာကြယ္သြားမယ္လို႔ ထုတ္ျပန္ေၾကညာထားတာ ျဖစ္ပါတယ္။