Jisoo ကို Global Ambassador အဖြစ်စာချုပ်ချုပ်ဆိုလိုတာကြောင့် Dior ထက်တန်ကြေးနှစ်ဆရှိတဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့ Cartier

Posted on

Blackpink အဖွဲ့ဝင် Jisoo နဲ့စာချုပ်ချုပ်ဆိုဖို့အတွက် Cartier နဲ့ Dior တို့ကတော့ အပြိုင်အဆိုင်ပါပဲ။ အွန်လိုင်းမှာ အင်တာနက်အသုံးပြုသူတစ်ဦးက သတင်းတစ်ပုဒ်ကိုဘာသာပြန်ပြီး မျှဝေခဲ့ပါတယ်။ ဒီသတင်းအရတော့ Cartier ဟာ Jisoo ကိုသူတို့ရဲ့Global Ambassador အဖြစ်သေချာလိုတာကြောင် Dior ကကမ်းလှမ်းခဲ့တာထက်နှစ်ဆပေးကာစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။


Jisoo ကတော့ Dior အမှတ်တံဆိပ်ရဲ့အလှကုန်တွေနဲ့ ဖက်ရှင်ထုတ်ကုန်တွေအတွက်အပြင် Cartier ရဲ့လက်ဝတ်ရတနာတွေအတွက် Global Ambassador အဖြစ် ဆောင်ရွက်ပေးနေတာပါ။ ဒီအမှတ်တံဆိပ်နှစ်ခုကတော့ LVMH နဲ့ Richemont ဆိုတဲ့ ကမ္ဘာမှာအဆင့်အမြင့်ဆုံးLuxury Brand တွေထဲကနှစ်ခုကပိုင်ဆိုင်တာဖြစ်ပြီး တစ်ခုနဲ့တစ်ခုကလည်းအပြိုင်အဆိုင်တွေ ဖြစ်ပါတယ်။


အင်တာနက်အသုံးပြုသူတွေကတော့ Jisoo ကြောင့် Dior အသက်(၂၀)နဲ့ (၃၀)ဝန်းကျင်တွေရဲ့အားပေးမှုကိုများစွာရရှိခဲ့ပြီး အကျိုးအမြတ်(၄၀၀%)အထိတိုးတက်ခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။ အမှတ်တံဆိပ်တွေကအပြိုင်အဆိုင်လိုချင်ရလောက်အောင် အကျိုးအမြတ်ရရှိစေတဲ့သူပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ကောင်မလေးကို Brand တွေကလိုချင်နေကြတာ…



