မင်းသားချော Lee Jong Suk ရဲ့ ညီဖြစ်သူမင်္ဂလာဆောင်မှာ ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့တဲ့ IU

Posted on

IU ကတော့ မင်းသားချော Lee Jong Suk ရဲ့ ညီဖြစ်သူမင်္ဂလာဆောင်မှာ ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ(၄)ရက်နေ့မှာတော့ IU ကို မင်းသား Lee Jong Suk ရဲ့ညီဖြစ်သူမင်္ဂလာဆောင်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။


IU ကတော့ အညိုဖျော့ရောင်ရှပ်အကျီင်္နဲ့ အနက်ရောင်စကပ်အကြပ်ကိုဝတ်ဆင်ထားတာဖြစ်ပြီး Lee Jong Suk နဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ်နှစ်များစွာရှိနေတဲ့တယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ။ Lee Jong Suk နဲ့အတူ နှုတ်ဆက်စကားကိုပြောအပြီးမှာတော့ Meaning Of You ဆိုတဲ့ သီချင်းကိုသီဆိုဖျော်ဖြေခဲ့ပါတယ်။


IU နဲ့ Lee Jong Suk တို့နှစ်ဦးကတော့ SBS ရဲ့ပရိုဂရမ်ဖြစ်တဲ့ Inkigayo မှာ (၂၀၁၂ – ၂၀၁၃) မှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခုနှစ်တွေကနေပြီး အခုအချိန်အထိတိုင်အောင်ခင်မင်ရင်းနှီးနေခဲ့ကြတဲ့သူတို့နှစ်ဦးကတော့ ပရိသတ်တွေအာရုံကျစရာဖြစ်ခဲ့ပါတယ်။ အခုဆိုရင် Lee Jong Suk ရဲ့ ညီဖြစ်သူမင်္ဂလာဆောင်မှာ အသံချိုချိုလေးနဲ့သီချင်းသီဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




