ပရိသတ်တွေကိုအရည်ပျော်သွားစေခဲ့တဲ့ Song Hye Kyo ရဲ့ပုံရိပ်များ

Posted on

Song Hye Kyo ကတော့ မကြာသေးခင်က အမှတ်တံဆိပ်ရဲ့ပွဲမှာ အလှနတ်ဘုရားမတစ်ယောက်လိုလှပတဲ့သူ့ရဲ့အလှတွေကိုပြသခဲ့ပြီး ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူကတော့ ထုံးစံအတိုင်း Chaumet ရဲ့ပွဲမှာ ကျက်သရေရှိပြီးထည်ဝါတဲ့အလှတရားတွေနဲ့ ပေါ်ထွက်လာခဲ့တာပါ။


Song Hye Kyo ကတော့ ရိုက်ကူးရေးပုံရိပ်အသစ်တွေထွက်လာတိုင်း ပွဲအခမ်းအနားတွေတက်တိုင်းမှာစတိုင်အမျိုးမျိုးနဲ့ဖမ်းစားနိုင်သူဖြစ်တာကြောင့် လူပြောများတဲ့သူတစ်ဦးပါ။ အခုလည်း Chaumet ရဲ့ပွဲမှာ Off-shoulder ဝတ်စုံအမိုက်စားနဲ့အတူ Chaumet ရဲ့ လက်ဝတ်ရတနာတွေနဲ့ပွဲမှာခမ်းနားထည်ဝါနေတာကြောင့် ပရိသတ်တွေရဲ့အသဲကိုအရည်ပျော်စေခဲ့ပြန်ပါတယ်။


Song Hye Kyo ကတော့ မင်းသား Park Hyung Sik နဲ့အတူ ပွဲမှာစကားလက်ဆုံကျနေတဲ့ပုံရိပ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ Song Hye Kyo ကတော့ Chaumet ရဲ့ Global Ambassador အဖြစ်(၂၀၁၉) ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ဖန်တီးမှုတွေကတော့ သူ့ရဲ့အလှတရားတွေနဲ့ပေါင်းစပ်ကာ ပိုပြီးတော့တန်ဖိုးမြင့်နေသလိုပါပဲပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်




