ပွဲဦးထွက်တာ (၁၈)နှစ်ပြည့်တဲ့အနေနဲ့ပရိသတ်တွေကိုထူးခြားတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ Nam Ji Hyun

Posted on

Nam Ji Hyun ကတော့ ကလေးသရုပ်ဆောင်အဖြစ်ကနေ ဒရမ်မာတွေမှာအဓိကဇာတ်ဆောင်အဖြစ် အောင်မြင်လာတဲ့သူတစ်ယောက်ပါ။ လက်ရှိမှာလည်း Little Women ဆိုတဲ့ဒရမ်မာဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တစ်ယောက်အဖြစ်ပါဝင်ထားတာ ဖြစ်ပါတယ်။


သူကတော့ (၂၀၀၄) ခုနှစ်မှာ Say You Love Me ဆိုတဲ့ဇာတ်ကားမှာပါဝင်ပြီး ကလေးသရုပ်ဆောင်အဖြစ်အနုပညာလမ်းကြောင်းကိုစတင်ခဲ့တာပါ။ သူကတော့ ပွဲဦးထွက်ခြင်း (၁၈) နှစ်ပြည့်တဲ့အနေနဲ့ Welcome to my house ဆိုပြီးတော့ Fan Meeting တစ်ခုကိုပြုလုပ်သွားမယ့်အကြောင်းကို သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Management SOOP က အင်စတာဂရမ်မှာကြေညာခဲ့ပြီး ပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။အခုတစ်ခေါက်ကတော့ ဒုတိယအကြိမ်မြောက် Fan Meeting ဖြစ်ပြီး (၂၀၁၈)ခုနှစ်က ပထမဆုံး fan meeting ကိုကျင်းပခဲ့ပါတယ်။


Little Women ကတော့ ဆင်းရဲတဲ့ညီအစ်မသုံးဦးကိုအခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပြီး Nam Ji Hyunကတော့ သတင်းထောက်ဇာတ်ရုပ်နဲ့ပါဝင်ထားပါတယ်။ သူကတော့ တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ မင်းသမီး Kim Go Eun ဆီကလည်း ချီးမွမ်းစကားတွေရရှိထားပြန်သေးတာပါ။ ကလေးသရုပ်ဆောင်အဖြစ်ကနေ အခုဆိုရင်အနုပညာအလုပ်တွေလုပ်နေခဲ့တာ (၁၈) နှစ်ရှိခဲ့ပါပြီနော်။
Zawgyi ဖြင့်ဖတ်ရန်




