ပဲရစ်မှာကျင်းပတဲ့ Chanel ရဲ့ဖက်ရှင်ရှိုးမှာ အဖြူရောင်ဝတ်စုံနဲ့ဖက်ရှင်ကျနေခဲ့တဲ့ Jennie

Posted on

Jennie ကိုတော့ ဖက်ရှင်ကျသူတစ်ယောက်အဖြစ်အ အများကသိအမှတ်ပြုထားတာဖြစ်ပါတယ်။ သူကတော့ Chanel လိုအမှတ်တံဆိပ်မျိုးနဲ့လည်းလိုက်ဖက်လွန်းပြီး ဒီအမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ပဲရစ်မှာကျင်းပတဲ့ Chanel 2023 Spring Summer ရှိုးကိုတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။


Jennie ကတော့ Chanel ရဲ့ one-shoulder ဝတ်စုံနဲ့အတူ အိုဗာဆိုဒ်ဖြစ်တဲ့အပေါ်ရုံကိုလည်း လိုက်ဖက်စွာတွဲဖက်ဝတ်ဆင်ထားပါသေးတယ်။ ဒါ့အပြင် ဒူးအထိရှည်တဲ့ဘွတ်ဖိနပ်ကြီးကိုပါတွဲပြီးတော့ ဝတ်ဆင်ထားသေးတာပဲ ဖြစ်ပါတယ်။ Jennie ကတော့ နှစ်တိုင်းလိုလိုရင်သပ်ရှုမောစရာအမိုက်စားဝတ်စုံတွေနဲ့အတူ Chanel ရဲ့ရှိုးပွဲကိုတက်ရောက်လေ့ရှိတာဖြစ်ပြီး ဒီနှစ်မှာလည်း ပရိသတ်တွေကြားရေပန်းစားတဲ့ဖက်ရှင်ကျသူ Jennie ဖြစ်ခဲ့ပါတယ်။


Jennie ရဲ့ ဖက်ရှင်ရှိုးပွဲပုံရိပ်တွေထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာမှာ လူပြောများကာ ပုံတွေကို မြန်မြန်ဆန်ဆန်ပဲ မျှဝေခဲ့ကြတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Chanel 2023 Spring Summer ရှိုးမှာလည်း Jennie ကတော့ စတိုင်ကျကျဝတ်ဆင်ခဲ့ပြီး အားလုံးကိုဖမ်းစားခဲ့တာပါ။
Zawgyi ဖြင့်ဖတ်ရန်




