(၂၀၂၂) ခုနှစ်ရဲ့ International Emmy Awards မှာ ဆန်ကာတင်စာရင်းဝင်ထားတဲ့ “The King’s Affection” ဒရမ်မာနဲ့ Lee Sun Gyun

Posted on

“The King’s Affection” ဒရမ်မာနဲ့ မင်းသား Lee Sun Gyun တို့ကတော့ အကြိမ်(၅၀) မြောက် International Emmy Awards မှာ ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာပါ ။ ဒီနှစ်အတွက် အမေရိကပြင်ပမှာထုတ်လွှင့်တဲ့တယ်လီဗေးရှင်းပရိုဂရမ်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြုဆုတွေကိုလည်းသတ်မှတ်ထားတာဖြစ်ပါတယ်။


The King’s Affection ဇာတ်လမ်းတွဲကတော့ Park Eun Bin နဲ့ Rowoon တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Best Telenovela ဆုအတွက်ဆန်ကာတင်စာရင်းဝင်ထားတာပါ။ ထုတ်လုပ်သူ Yoon Jae Hyuk ကတော့ ဒီလိုဆန်ကာတင်စာရင်းဝင်တာက တောင်ကိုရီးယားနိုင်ငံတွင်းကပရိသတ်တွေတင်မက ပြည်ပကပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကြောင့်လို့ ဆိုပါတယ်။ ပိုပြီးတော့လည်း ပရိသတ်တွေရဲ့ချစ်ခြင်းတွေရရှိလာမယ့်ဒရမ်မာတွေကို ထုတ်လုပ်ဦးမယ်လို့လည်း ဆိုထားပါတယ်။


မင်းသား Lee Sun Gyun ကတော့ Best Performance by an Actor ဆုအတွက် Apple TV+ ရဲ့စီးရီးဖြစ်တဲ့ Dr.Brain နဲ့ဆန်ကာတင်စာရင်းဝင်ထားတာပါ။ သူကတော့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ဇာတ်ကားများစွာမှာပါဝင်ဖူးသူမို့ ပရိသတ်တွေရဲ့ချစ်ခြင်းကိုရရှိထားသူလည်းဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




