Kim Tae Hee အပေါ်မှာဖောက်ပြန်ခဲ့တယ်ဆိုတဲ့သတင်းတွေကို တုံ့ပြန်ခဲ့တဲ့ Rain

Posted on

Rain ရဲ့အေဂျင်စီဖြစ်တဲ့ Rain Company ကတော့ မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့ကောလာဟလတွေကို ငြင်းဆိုခဲ့ပါတယ်။ သိပ်မကြာသေးခင်ကတော့ Woman Sense မဂ္ဂဇင်းကနေပြီး ထိပ်တန်းကြယ်ပွင့်တစ်ဦးဟာသူ့ရဲ့ဇနီးအပေါ်မှာဖောက်ပြန်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်ခဲ့ပါတယ်။


ထွက်ပေါ်ခဲ့တဲ့ကောလာဟလတွေမှာတော့ ဖောက်ပြန်ခဲ့တဲ့ထိပ်တန်းကြယ်ပွင့်ဟာ အဆိုပိုင်း၊ အကပိုင်း၊ သရုပ်ဆောင်ပိုင်းစတာတွေမှာအောင်မြင်နေတဲ့ထိပ်တန်းတစ်ယောက်လို့ဆိုပါတယ်။ ဒါ့အပြင်သူဟာ လှပပြီးထက်မြက်တဲ့ကျော်ကြားသူအမျိုးသမီးနဲ့လက်ထပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ပရိုဂေါဖ့်သမားဖြစ်တဲ့အမျိုးသမီးနဲ့ဖောက်ပြန်နေတာဖြစ်ပြီး တိုက်ခန်းတစ်ခန်းမှာသီးခြားနေထိုင်ခဲ့ပြီး အဲ့ဒါကိုဇနီးဖြစ်သူကတွေ့ထားကာ သတိပေးထားတယ်လို့ဆိုပါတယ်။


ဒီအကြောင်းအရာကတော့ လူပြောများခဲ့ပြီး ဖောက်ပြန်နေတဲ့အမျိုးသားဟာ Rain ဖြစ်တယ်လို့ ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။ Rain ရဲ့အေဂျင်စီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းကိုဥပဒေကြောင်းအရ အရေးယူမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




