ဒရမ်မာဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဖို့ကမ်းလှမ်းခံထားရတဲ့ Kim Tae Hee

Posted on

တောင်ကိုရီးယားမင်းသမီး Kim Tae Hee ကတော့ ရုပ်ရည်အလွန်ချောမောတဲ့အပြင် အနုပညာလောကရဲ့ထိပ်တန်းမင်းသမီးအဖြစ်ရပ်တည်နေသူပါ။ သူကတော့ လက်ထပ်ပြီးနောက်ပိုင်းအနုပညာအလုပ်တွေကျဲလာတာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ tvN ရဲ့ဒရမ်မာသစ်မှာပါဝင်ဖို့အတွက်ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။


tvN ရဲ့ Home with a Garden ဆိုတဲ့ဒရမ်မာမှာပါဝင်ဖို့အတွက်ကမ်းလှမ်းခံထားရတယ်လို့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Story J Company ကနေပြီးတာ့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ပြီးပြည့်စုံတဲ့ဘဝမှာနေထိုင်နေတဲ့အိမ်ရှင်မတစ်ယောက်ဟာ ပျော်ရွှင်နေတဲ့ဘဝကနေပြီးသံသယစိတ်တွေဖြစ်လာခဲ့ပြီးနောက် သူ့ရဲ့ဘဝကိုဖျက်ဆီးမိလိုက်တဲ့အကြောင်းကိုရိုက်ကူးထားတဲ့သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Kim Sung Oh ကိုကမ်းလှမ်းထားတယ်လို့သိရပြီး မင်းသမီးLim Ji Yeon လည်းပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Kim Tae Hee သာပါဝင်ခဲ့မယ်ဆိုရင် ၂၀၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Hi Bye, Mama ပြီးနောက် ပြန်လည်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်လာမှာပါ။
Zawgyiဖြင့်ဖတ်ရန်

ဒရမ္မာဇာတ္လမ္းတြဲသစ္မွာ ပါဝင္ဖို႔ကမ္းလွမ္းခံထားရတဲ့ Kim Tae Hee
ေတာင္ကိုရီးယားမင္းသမီး Kim Tae Hee ကေတာ့ ႐ုပ္ရည္အလြန္ေခ်ာေမာတဲ့အျပင္ အႏုပညာေလာကရဲ႕ထိပ္တန္းမင္းသမီးအျဖစ္ရပ္တည္ေနသူပါ။ သူကေတာ့ လက္ထပ္ၿပီးေနာက္ပိုင္းအႏုပညာအလုပ္ေတြက်ဲလာတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ tvN ရဲ႕ဒရမ္မာသစ္မွာပါဝင္ဖို႔အတြက္ကမ္းလွမ္းခံထားရတယ္လို႔ သိရပါတယ္။


tvN ရဲ႕ Home with a Garden ဆိုတဲ့ဒရမ္မာမွာပါဝင္ဖို့အတြက္ကမ္းလွမ္းခံထားရတယ္လို႔ မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ Story J Company ကေနၿပီးတာ့ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒီဇာတ္လမ္းကေတာ့ ၿပီးျပည့္စုံတဲ့ဘဝမွာေနထိုင္ေနတဲ့အိမ္ရွင္မတစ္ေယာက္ဟာ ေပ်ာ္႐ႊင္ေနတဲ့ဘဝကေနၿပီးသံသယစိတ္ေတြျဖစ္လာခဲ့ၿပီးေနာက္ သူ႔ရဲ႕ဘဝကိုဖ်က္ဆီးမိလိုက္တဲ့အေၾကာင္းကို႐ိုက္ကူးထားတဲ့သည္းထိတ္ရင္ဖိုဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။


ဒီဇာတ္လမ္းတြဲမွာေတာ့ မင္းသား Kim Sung Oh ကိုကမ္းလွမ္းထားတယ္လို႔သိရၿပီး မင္းသမီးLim Ji Yeon လည္းပါဝင္မယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲမွာ Kim Tae Hee သာပါဝင္ခဲ့မယ္ဆိုရင္ ၂၀၂၀ ခုႏွစ္မွာထြက္ရွိခဲ့တဲ့ Hi Bye, Mama ၿပီးေနာက္ ျပန္လည္႐ိုက္ကူးတဲ့ ပထမဆံုးဇာတ္လမ္းတြဲျဖစ္လာမွာပါ။