မင်္ဂလာပွဲကျင်းပခဲ့တဲ့ Nam Goong Min နဲ့ Jin Ah Reum တို့ရဲ့ပုံရိပ်များ ထုတ်ဖော်ပြသခဲ့

Posted on

ဒီနှစ်ကတော့ တောင်ကိုရီးယားအနုပညာရှင်တွေတစ်ယောက်ပြီးတစ်ယောက် မင်္ဂလာသတင်းတွေကြားရတဲ့နှစ်ပါပဲနော်။ ပရိသတ်တွေချစ်တဲ့နာမည်ကျော်မင်းသားတစ်လက်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Nam Goong Min ချစ်ရသူနဲ့ရွှေလက်တွဲသွားပြီ ဖြစ်ပါတယ်။


Nam Goong Min ကတော့ မော်ဒယ်လ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Jin Ah Reum နဲ့တွဲနေတာ (၆) နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ဆိုးလ်မှာရှိတဲ့Shilla Hotel မှာလက်ထပ်ပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲပုံရိပ်တွေကို Good Manager ဒရမ်မာမှာ အလုပ်တွဲလုပ်ခဲ့တဲ့ပရိုဂျူဆာ Choi Yoon Seok ကပြန်လည်မျှဝေခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့သိချင်နေတဲ့ မင်္ဂလာပွဲပုံရိပ်တွေကိုသိခဲ့ရတာ ဖြစ်ပါတယ်။


ဗသတို့သားနဲသတို့သမီးဖြစ်တဲ့ Nam Goong Min နဲ့ Jin Ah Reum တို့က မင်္ဂလာလျှောက်လမ်းထက်မှာလျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေက ကောင်းချီးသြဘာပေးနေကြတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ (၂၀၁၅)ခုနှစ်က Light My Fire ဇာတ်ကားမှာတွေ့ဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။Congratulations ပါ Nam Goong Min နဲ့ Jin Ah Reum!
Zawgyi ဖြင့်ဖတ်ရန်




