ကိုယ်အလေးချိန်တက်လာတဲ့အကြောင်းဝန်ခံခဲ့ပြီး ရက်ပိုင်းအတွင်းမှာဝိတ်ချပြီးနောက် ပရိသတ်ရှေ့ထွက်ပေါ်လာခဲ့တဲ့ Goo Hye Sun

Posted on

မင်းသမီးချော Goo Hye Sun ကိုတော့ F4 ဇာတ်လမ်းတွဲထဲကမင်းသမီးအဖြစ်နဲ့ပရိသတ်တွေက သိကြတာ ဖြစ်ပါတယ်။ မင်းသမီးတစ်လက်အနေနဲ့တင်မက ဇာတ်ညွှန်းရေးပြီးဒါရိုက်တာတစ်ယောက်အနေနဲ့ပါအနုပညာအလုပ်တွေလုပ်တဲ့မင်းသမီးကတော့ ပြောထားတဲ့စကားအတိုင်းကြိုးစားတတ်တဲ့သူလည်း ဖြစ်တယ်လို့ဆိုရမှာပါ။


သူကတော့ (၂၇)ကြိမ်မြောက် Busan International Film Festival ရဲ့ ဒုတိယနေ့ကို တက်ရောက်ခဲ့တာဖြစ်ပြီး အနက်ရောင်ဝတ်စုံနဲ့အတူလှပနေခဲ့တာဖြစ်ပါတယ်။ သူကတော့ ကော်ဇောနီထက်မှာ ပရိသတ်တွေကို တောက်ပစွာပြုံးပြခဲ့ပြီးလက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာအနက်ရောင်ဝတ်စုံနဲ့အတူလှပနေတဲ့ Goo Hye Sun ရဲ့ကိုယ်အလေးချိန်ကတော့ပရိသတ်တွေသတိထားမိစရာဖြစ်ခဲ့ပါတယ်။

배우 겸 감독 구혜선이 30일 서울 성동구 소월아트홀에서 열린 제27회 ‘춘사국제영화제’ 레드 카펫 행사에서 포즈를 취하고 있다. 2022.9.30/뉴스1

သူကတော့ စက်တင်ဘာလ (၃၀) ရက်နေ့က Chunsa Film Art Awards 2022 ပွဲကို ဒါရိုက်တစ်ယောက်အနေနဲ့တက်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကိုယ်အလေးချိန်တက်လာခဲ့တဲ့အကြောင်းကိုဝန်ခံခဲ့တာ ဖြစ်ပါတယ်။ Busan International Film Festival မှာ ကိုယ်အလေးချိန်ချပြီးတော့ပြန်လည်တွေ့ဆုံမယ်လို့ဆိုခဲ့တာဖြစ်ပြီး ပြောထားတဲ့အတိုင်းပိုမိုသွယ်လျလာတဲ့ပုံစံကတော့ ပရိသတ်တွေကြားလူပြောများခဲ့တာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




