BLACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အသံချိုချိုလေးနဲ့သီချင်းတွေကိုပိုင်နိုင်စွာဆိုတတ်တဲ့ Roséကတော့ အိုင်ဒေါအနေနဲ့တင်မက မော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း အမှတ်တံဆိပ်တွေမှာမြင်တွေ့ရတဲ့သူပါ။ သူကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့အတူ ပရိသတ်အခိုင်အမာရထားတာပဲ ဖြစ်ပါတယ်။
Rosé ကတော့ ယူကျူ့မှာ On The Ground သီချင်းနဲ့အတူ ကြည့်ရှုသူသန်း(၃၀၀) ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ (၂၀၂၁) ခုနှစ်မတ်လ(၁၂)ရက်မှာထွက်ရှိခဲ့တာဖြစ်ပြီး တစ်နှစ်နဲ့ခြောက်လအကြာမှာအခုလိုကြည့်ရှုနှုန်းကိုရရှိခဲ့တာပါ။ ဒီသီချင်းကတော့ သူ့ရဲ့တစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်တဲ့’-R-‘ထဲမှသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
သီချင်းအဆိုကောင်းတဲ့ Rosé ကတော့ On The Ground သီချင်းနဲ့အတူ အောင်မြင်မှုစံချိန်တွေရယူထားနိုင်ခဲ့ပြန်ပါပြီ ။ အဖွဲ့အလိုက်အဖြစ်လည်းအောင်မြင်မှုတွေရရှိနေသလို တစ်ကိုယ်တော်အနေနဲ့တလည်း အောင်မြင်မှုတွေရရှိနေလို့ Congratulations ပါ Rosé ရေ။
Zawgyi ဖြင်ဖတ်ရန်
ယူကျူ့မှာ ကြည့်ရှုသူသန်း(၃၀၀) ရရှိခဲ့ပြီဖြစ်တဲ့ Rosé ရဲ့ On The Ground သီချင်းဗီဒီယို