အခြားကလေးသရုပ်ဆောင်တွေဖြစ်တဲ့ Park Eun Bin ၊ Lee Se Young တို့နဲ့အတူအလုပ်အတူလုပ်လိုတဲ့ Nam Ji Hyun

Posted on

အောက်တိုဘာလ(၉)ရက်နေ့မှာတော့ Little Women ဆိုတဲ့ဒရမ်မာကတော့ ဇာတ်သိမ်းသွားခဲ့ပါပြီ။ Nam Ji Hyun ပါဝင်ထားတာဖြစ်ပြီး ဒီဒရမ်မာမှာတော့ သတင်းထောက်အလုပ်ကိုလုပ်ကိုင်နေတဲ့ ဒုတိယသမီးအဖြစ် ပါဝင်ထားတာပါ။ ဒီနှစ်ကတော့ Nam Ji Hyun အတွက် ကလေးသရုပ်ဆောင်အဖြစ်(၂၀၀၄) ခုနှစ်ထဲကစခဲ့တာကြောင့် ပွဲဦးထွက်တာ(၁၉) နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။


သူကတော့မကြာသေးခင်ကဒရမ်မာရဲ့ ဇာတ်သိမ်းနဲ့ပတ်သက်ပြီးအင်တာဗျူးမှာတော့ စိတ်ခံစားချက်ချင်းနီးစပ်တယ်လို့ခံစားရတဲ့ ကလေးသရုပ်ဆောင်တွေဖြစ်ခဲ့ကြတဲ့ Park Eun Bin နဲ့ Lee Se Young တို့နဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ The Great Queen Seondeok မှာ ကလေးသရုပ်ဆောင်တွေအဖြစ်အတူပါဝင်ခဲ့ကြပြီး အထူးသဖြင့် Park Eun Bin နဲ့ကတော့ ကောလိပ်မှာ စိတ်ပညာကိုအတူသင်ယူခဲ့ကြတာပဲ ဖြစ်ပါတယ်။


“ကျွန်မကတော့ အခြားကလေးသရုပ်ဆောင်တွေဖြစ်တဲ့သူတွေဟာလည်း အောင်မြင်မှုတွေရရှိလာတာအတွက်အရမ်းကိုဂုဏ်ယူပါတယ်။ တစ်ခါကတော့ သူတို့ပရော့ဂျက်တစ်ခုမှာအတူတူသရုပ်ဆောင်ဖို့အတွက်စိတ်ကူးယဉ်ဖူးပါတယ်။ ဒါကပျော်စရာလည်းကောင်းမှာပါ။ တချို့တွေနဲ့တော့ ပရော့ဂျက်တချို့မှာတွေ့ခဲ့ပါတယ်။ သူတို့တွေကတော့ကျွန်မနဲ့အတွေ့အကြုံတွေအတူတူပဲ ဖြတ်သန်းခဲ့တာပါ။ ကျယ်ကျယ်ပြောစရာမလိုဘဲမျှဝေလို့ရတဲ့အရာတွေရှိပါတယ်။” လို့ သူကပြောခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အျခားကေလးသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Park Eun Bin ၊ Lee Se Young တို႔နဲ႔အတူအလုပ္အတူလုပ္လိုတဲ့ Nam Ji Hyun
ေအာက္တိုဘာလ(၉)ရက္ေန႔မွာေတာ့ Little Women ဆိုတဲ့ဒရမ္မာကေတာ့ ဇာတ္သိမ္းသြားခဲ့ပါၿပီ။ Nam Ji Hyun ပါဝင္ထားတာျဖစ္ၿပီး ဒီဒရမ္မာမွာေတာ့ သတင္းေထာက္အလုပ္ကိုလုပ္ကိုင္ေနတဲ့ ဒုတိယသမီးအျဖစ္ ပါဝင္ထားတာပါ။ ဒီႏွစ္ကေတာ့ Nam Ji Hyun အတြက္ ကေလးသ႐ုပ္ေဆာင္အျဖစ္(၂၀၀၄) ခုႏွစ္ထဲကစခဲ့တာေၾကာင့္ ပြဲဦးထြက္တာ(၁၉) ႏွစ္ရွိခဲ့ၿပီ ျဖစ္ပါတယ္။


သူကေတာ့မၾကာေသးခင္ကဒရမ္မာရဲ႕ ဇာတ္သိမ္းနဲ႔ပတ္သက္ၿပီးအင္တာဗ်ဴးမွာေတာ့ စိတ္ခံစားခ်က္ခ်င္းနီးစပ္တယ္လို႔ခံစားရတဲ့ ကေလးသ႐ုပ္ေဆာင္ေတြျဖစ္ခဲ့ၾကတဲ့ Park Eun Bin နဲ႔ Lee Se Young တို႔နဲ႔ပတ္သက္ၿပီးေျပာခဲ့ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ The Great Queen Seondeok မွာ ကေလးသ႐ုပ္ေဆာင္ေတြအျဖစ္အတူပါဝင္ခဲ့ၾကၿပီး အထူးသျဖင့္ Park Eun Bin နဲ႔ကေတာ့ ေကာလိပ္မွာ စိတ္ပညာကိုအတူသင္ယူခဲ့ၾကတာပဲ ျဖစ္ပါတယ္။
“ကြၽန္မကေတာ့ အျခားကေလးသ႐ုပ္ေဆာင္ေတြျဖစ္တဲ့သူေတြဟာလည္း ေအာင္ျမင္မႈေတြရရွိလာတာအတြက္အရမ္းကိုဂုဏ္ယူပါတယ္။ တစ္ခါကေတာ့ သူတို႔ပေရာ့ဂ်က္တစ္ခုမွာအတူတူသ႐ုပ္ေဆာင္ဖို႔အတြက္စိတ္ကူးယဥ္ဖူးပါတယ္။ ဒါကေပ်ာ္စရာလည္းေကာင္းမွာပါ။ တခ်ိဳ႕ေတြနဲ႔ေတာ့ ပေရာ့ဂ်က္တခ်ိဳ႕မွာေတြ႕ခဲ့ပါတယ္။ သူတို႔ေတြကေတာ့ကြၽန္မနဲ႔အေတြ႕အႀကဳံေတြအတူတူပဲ ျဖတ္သန္းခဲ့တာပါ။ က်ယ္က်ယ္ေျပာစရာမလိုဘဲမွ်ေဝလို႔ရတဲ့အရာေတြရွိပါတယ္။” လို႔ သူကေျပာခဲ့ပါတယ္။