Asia Content Awards ပွဲမှာ ဝူယောင်းဝူဇာတ်ရုပ်နဲ့ဆုရရှိခဲ့ပြန်တဲ့ Park Eun Bin

Posted on

မင်းသမီးချော Park Eun Bin ကတော့ လူကြိုက်များခဲ့တဲ့ ဝူယောင်ဝူဇာတ်ရုပ်နဲ့အတူ ဆုတွေသိမ်းပိုက်လျက်ပါ။ အခုလည်းဘူဆန်မှာကျင်းပခဲ့တဲ့ (၄)ကြိမ်မြောက် Asia Content Awards ပွဲမှာ ဆုရရှိခဲ့ပြန်ပါတယ်။


ဒီပွဲကတော့ အာရှမှာထူးချွန်တဲ့ TV၊ OTT နဲ့ အွန်လိုင်းထုတ်ကုန်တွေ Content တွေကို ဆုချီးမြှင့်တဲ့ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ Extraordinary Attorney Woo ဒရမ်မာဟာ Best Content ဆုကိုရရှိခဲ့ပြီး Park Eun Bin ကတော့ Best Actress ဆုကို သိမ်းပိုက်ခဲ့ပါတယ်။ Park Eun Binကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းကအနုပညာလုပ်နေခဲ့တာဖြစ်ပြီး ပွဲဦးထွက်ခဲ့တာ အနှစ်(၂၀) ရှိခဲ့ပါပြီ။


Park Eun Bin ရဲ့ပြောင်မြောင်တဲ့သရုပ်ဆောင်ချက်တွေကလည်း Extraordinary Attorney Woo ဒရမ်မာနဲ့အတူ ကမ္ဘာနဲ့အဝှမ်းကျော်ကြားခဲ့သလို The King’s Affection ဒရမ်မာမှာလည်း အသိအမှတ်ပြုခံထားရတာပါ။ သူကတော့ ဝူယောင်ဝူဇာတ်ရုပ်ကိုသရုပ်ဆောင်ခွင့်ရခဲ့ခြင်း နဲ့ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိခဲ့တာကြောင့်ကျေးဇူးတင်ကြောင်းကို ပြောခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Asia Content Awards ပွဲမှာ ဝူယောင်ဝူဇာတ်ရုပ်နဲ့ဆုရရှိခဲ့ပြန်တဲ့ Park Eun Bin


