BIFF ပွဲမှာဝတ်ဆင်ခဲ့တဲ့ဝတ်စုံဟာ အမှတ်တံဆိပ်မရှိတဲ့တန်ဖိုးနည်းဝတ်စုံဖြစ်ကြောင်းထုတ်ဖော်ပြောပြခဲ့တဲ့ Goo Hye Sun

Posted on

အသက်(၃၇) နှစ်လို့မထင်ရအောင်နုပျိုတဲ့မင်းသမီးကတော့ တစ်ချိန်ကF4 မင်းသမီးလို့လူသိများတဲ့ မင်းသမီး Goo Hye Sun ပါပဲ။ သူကတော့ မင်းသမီးတစ်လက်အနေနဲ့တင်မက ဒါရိုက်တာတစ်ယောက်အနေနဲ့ရော စာရေးဆရာတစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေလုပ်ကိုင်တဲ့သူတစ်ယောက်ပါ။


သူကတော့ Busan International Film Festivalပွဲတော်မှာ အနက်ရောင်ဝတ်စုံလေးနဲ့လှပနေခဲ့တာဖြစ်ပြီး ပြောထားတဲ့အတိုင်းကိုယ်အလေးချိန်ချခဲ့တာကြောင့် လူပြောများခဲ့ပါသေးတယ်။ မင်းသမီးကတော့ သူနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအင်စတာဂရမ်မှာမျှဝေလေ့ရှိတာဖြစ်ပြီး BIFF ပွဲမှာဝတ်ဆင်ခဲ့တဲ့ဝတ်စုံဟာ Brand နာမည်တောင်မရှိတဲ့ဝတ်စုံဖြစ်ပြီး ကိုရီးယားဝမ်(၃၈,၀၀၀) သာတန်ဖိုးရှိကြောင်း မျှဝေခဲ့တာပါ။


မင်းသမီးကတော့ နာမည်ကြီးအမှတ်တံဆိပ်တွေဝတ်ဆင်တာဖြစ်စေ အမှတ်တံဆိပ်မရှိတဲ့တန်ဖိုးနည်းဝတ်စုံကိုဝတ်ဆင်တာဖြစ်စေ ပွဲလယ်တင့်ကာလှပတာအမှန်ပါပဲနော်။ အခု (၂၇)ကြိမ်မြောက် BIFF ပွဲကိုတော့ သူရိုက်ကူးခဲ့တဲ့ The Peachtree ဇာတ်ကားရဲ့ဒါရိုက်တာအနေနဲ့တက်ရောက်လာတာလည်း ဖြစ်ပါတယ်။ Goo Hye Sun ဟာ The Peachtree ဇာတ်ကားကို ရေးသားထုတ်လုပ်ပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

BIFF ပြဲမွာဝတ္ဆင္ခဲ့တဲ့ဝတ္စုံဟာ အမွတ္တံဆိပ္မရွိတဲ့တန္ဖိုးနည္းဝတ္စုံျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာျပခဲ့တဲ့ Goo Hye Sun
အသက္(၃၇) ႏွစ္လို႔မထင္ရေအာင္ႏုပ်ိဳတဲ့မင္းသမီးကေတာ့ တစ္ခ်ိန္ကF4 မင္းသမီးလို႔လူသိမ်ားတဲ့ မင္းသမီး Goo Hye Sun ပါပဲ။ သူကေတာ့ မင္းသမီးတစ္လက္အေနနဲ႔တင္မက ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ေရာ စာေရးဆရာတစ္ေယာက္အေနနဲ႔ပါ အႏုပညာအလုပ္ေတြလုပ္ကိုင္တဲ့သူတစ္ေယာက္ပါ။


သူကေတာ့ Busan International Film Festivalပြဲေတာ္မွာ အနက္ေရာင္ဝတ္စုံေလးနဲ႔လွပေနခဲ့တာျဖစ္ၿပီး ေျပာထားတဲ့အတိုင္းကိုယ္အေလးခ်ိန္ခ်ခဲ့တာေၾကာင့္ လူေျပာမ်ားခဲ့ပါေသးတယ္။ မင္းသမီးကေတာ့ သူနဲ႔ပတ္သက္တဲ့အေၾကာင္းအရာကိုအင္စတာဂရမ္မွာမွ်ေဝေလ့ရွိတာျဖစ္ၿပီး BIFF ပြဲမွာဝတ္ဆင္ခဲ့တဲ့ဝတ္စုံဟာ Brand နာမည္ေတာင္မရွိတဲ့ဝတ္စုံျဖစ္ၿပီး ကိုရီးယားဝမ္(၃၈,၀၀၀) သာတန္ဖိုးရွိေၾကာင္း မွ်ေဝခဲ့တာပါ။


မင္းသမီးကေတာ့ နာမည္ႀကီးအမွတ္တံဆိပ္ေတြဝတ္ဆင္တာျဖစ္ေစ အမွတ္တံဆိပ္မရွိတဲ့တန္ဖိုးနည္းဝတ္စုံကိုဝတ္ဆင္တာျဖစ္ေစ ပြဲလယ္တင့္ကာလွပတာအမွန္ပါပဲေနာ္။ အခု (၂၇)ႀကိမ္ေျမာက္ BIFF ပြဲကိုေတာ့ သူ႐ိုက္ကူးခဲ့တဲ့ The Peachtree ဇာတ္ကားရဲ႕ဒါ႐ိုက္တာအေနနဲ႔တက္ေရာက္လာတာလည္း ျဖစ္ပါတယ္။ Goo Hye Sun ဟာ The Peachtree ဇာတ္ကားကို ေရးသားထုတ္လုပ္ၿပီး ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔႐ိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္။