Squid Gameဇာတ်လမ်းတွဲရဲ့အပိုင်းတစ်ပိုင်းအတွက် ဒေါ်လာ (၇) သိန်း သရုပ်ဆောင်ကြေးရရှိတဲ့မင်းသား Lee Jung Jae

Posted on

မီဒီယာတွေရဲ့သတင်းတွေအရ ထိပ်တန်းမင်းသား Lee Jung Jae ကတော့ Netflix ရဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ Squid Game ရဲ့ Season 2 မှာပါဝင်ဖို့အတွက် ခန့်မှန်းခြေအပိုင်းတစ်ပိုင်းကို ကန်ဒေါ်လာ(၇)သိန်းရရှိတယ်လို့ သိရပါတယ်။


Season 2 မှာလည်း Season 1 မှာလိုပဲ အပိုင်း(၉)ပိုင်းခန့်ပါဝင်မှာဖြစ်ပြီး Lee Jung Jae ကတော့ သူ့ရဲ့ပါဝင်မှုအတွက် ကိုရီးယားဝမ်(၉) ဘီလီယံ(သို့မဟုတ်) ဒေါ်လာ (၆.၃) သန်းခန့်ရရှိနိုင်ပါတယ်။ အတွင်းသတင်းတွေအရ Squid Game ရဲ့ Season 2 ကို နောက်နှစ်မှာစတင်ရိုက်ကူးတော့မယ်လို့သိရပါတယ်။ Lee Jung Jae ကတော့ ဒီပရော့ဂျက်အတွက် ကိုရီးယားဝမ် (၁) ဘီလီယံပေးမယ်ဆိုတဲ့အာမခံမှုနဲ့အတူ လက်မှတ်ရေးထိုးထားကြောင်းသိရပါတယ်။


Squid Game မှာတော့ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Lee Jung Jae နဲ့ Lee Byung Hun တို့ကဲ့သို့ ထိပ်တန်းမင်းသားတွေပါဝင်ပါတယ်။ ဒီလိုထိပ်တန်းမင်းသားတွေရဲ့သရုပ်ဆောင်ကြေးကလွဲပြီး ကိုရီးယားဝမ်(၁၀၀)ဘီလီယံ (သို့မဟုတ်) ကန်ဒေါ်လာသန်း(၇၀) ခန့်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ Squid Game ကတော့ ပရိသတ်တွေမျှော်လင့်စောင့်စားနေရတဲ့ Netflix စီးရီးတွေထဲကတစ်ခု ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



