ဆုကြီးတွေကိုရရှိခြင်းနဲ့အတူ ကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုတွေရရှိခဲ့တာကိုသက်သေပြခဲ့တဲ့ Pachinko ဇာတ်လမ်းတွဲ မင်းသမီး Kim Min Ha

Posted on

Apple TV+ ကထုတ်လွှင့်ပြသခဲ့သော Pachinko ဇာတ်လမ်းတွဲကတော့ ကမ္ဘာနဲ့အဝှမ်းလူကြိုက်များခဲ့တာဖြစ်ပြီး အဓိကဇာတ်ဆောင်ဖြစ်တဲ့ မင်းသမီး Kim Min Ha ကတော့ မျက်နှာသစ်တစ်ယောက်ဖြစ်ပေမဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အသိအမှတ်ပြုခံထားရတာ ဖြစ်ပါတယ်။


သူကတော့ အောက်တိုဘာလ (၇)ရက်နေ့ကကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် Asian Star Awards မှာ Beyond Cinema Award ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကိုတော့အခုနှစ်မှစတင်ပေးအပ်တာဖြစ်ပြီး အွန်လိုင်းမှာလူသိများတဲ့လက်ရာတွေမှာ တက်ကြွစွာပါဝင်တဲ့သရုပ်ဆောင်တွေကို ပေးအပ်ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ သူကတော့ Apple TV+ ကထုတ်လွှင့်ပြသခဲ့သော Pachinko ဇာတ်လမ်းတွဲနဲ့အတူ ကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုတွေရရှိခဲ့တာကြောင့် အခုလိုဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။


Kim Min Ha ကတော့သူ့ရဲ့လွှမ်းမိုးမှုကိုသက်သေပြတဲ့အနေနဲ့ (၂၀၂၂) ခုနှစ်ရဲ့ Asia Content Awards မှာလည်း Rising Star Award ကိုရယူခဲ့ပြန်ပါတယ်။ သူကတော့ နိုင်ငံတကာယဉ်ကျေးမှုအပေါ်မှာကြီးမားတဲ့လွှမ်းမိုးမှုရှိတဲ့အာရှနှင့် ပစိဖိတ်ဒေသလူတွေကိုရွေးချယ်တဲ့ A 100 စာရင်းမှာလည်း ပါဝင်ထားပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်




