သူ့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ပုံကို အရိပ်အမြွက်ထုတ်ပြခဲ့တဲ့ Gong Hyo Jin

Posted on

ပရိသတ်တွေရဲ့အချစ်တော်မင်းသမီး Gong Hyo Jin ကတော့ သူ့ရဲမင်္ဂလာပွဲကို အောက်တိုဘာလ(၁၂)ရက်နေ့က နယူးယောက်မှာကျင်းပခဲ့တယ်လို့ သိရပါတယ်။ သူကတော့ အဆိုတော်တေးရေးတစ်ယောက်ဖြစ်ပြီးအသက်(၁၀)နှစ်ကွာတဲ့ချစ်သူ Kevin Oh နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။


မင်းသမီးကတော့ သူ့ရဲ့မင်္ဂလာပွဲပုံရိပ်တွေကိုတရားဝင်ထုတ်ဖော်ပြတာမျိုးမရှိဘဲ မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ပုံကိုတော့ အရိပ်အမြွက်ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။ မင်းသမီးကတော့ မင်္ဂလာဝတ်စုံဝတ်ဆင်ထားတဲ့သူ့ရဲ့ခြေထောက်ကိုရိုက်ပြခဲ့ပြီး ဘေးနားမှာတော့အဖြူရောင်ရှူးဖိနပ်နဲ့အနီရောင်ခြေအိပ်ကိုလည်းတွေ့ရပါတယ်။ ဒီပုံနဲ့အတူ အင်စတာဂရမ်မှာ my one and only..i’m ready လို့ရေးသားထားတာပါ။


သူ့ရဲ့မင်္ဂလာပွဲကိုပြင်ဆင်နေတဲ့ပုံရိပ်လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး ပရိသတ်တွေကိုသဘောကျစေခဲ့ပါတယ်။ မင်းသမီးကတော့ သူ့ရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေတဲ့ပုံရိပ်ကိုလျှို့ဝှက်စွာထုတ်ဖော်ပြခဲ့တာကတော့ တကယ့်ကိုချစ်စရာပါပဲ။ Congradulations ပါGong Hyo Jin
Zawgyi ဖြင့်ဖတ်ရန်

သူ႔ရဲ႕မဂၤလာပြဲနဲ႔ပတ္သက္တဲ့ပုံကို အရိပ္အႁမြက္ထုတ္ျပခဲ့တဲ့ Gong Hyo Jin
ပရိသတ္ေတြရဲ႕အခ်စ္ေတာ္မင္းသမီး Gong Hyo Jin ကေတာ့ သူ႔ရဲမဂၤလာပြဲကို ေအာက္တိုဘာလ(၁၂)ရက္ေန႔က နယူးေယာက္မွာက်င္းပခဲ့တယ္လို႔ သိရပါတယ္။ သူကေတာ့ အဆိုေတာ္ေတးေရးတစ္ေယာက္ျဖစ္ၿပီးအသက္(၁၀)ႏွစ္ကြာတဲ့ခ်စ္သူ Kevin Oh နဲ႔လက္ထပ္ခဲ့တာျဖစ္ပါတယ္။


မင္းသမီးကေတာ့ သူ႔ရဲ႕မဂၤလာပြဲပုံရိပ္ေတြကိုတရားဝင္ထုတ္ေဖာ္ျပတာမ်ိဳးမရွိဘဲ မဂၤလာပြဲနဲ႔ပတ္သက္တဲ့ပုံကိုေတာ့ အရိပ္အႁမြက္ထုတ္ျပခဲ့တာပဲျဖစ္ပါတယ္။ မင္းသမီးကေတာ့ မဂၤလာဝတ္စုံဝတ္ဆင္ထားတဲ့သူ႔ရဲ႕ေျခေထာက္ကို႐ိုက္ျပခဲ့ၿပီး ေဘးနားမွာေတာ့အျဖဴေရာင္ရႉးဖိနပ္နဲ႔အနီေရာင္ေျခအိပ္ကိုလည္းေတြ႕ရပါတယ္။ ဒီပုံနဲ႔အတူ အင္စတာဂရမ္မွာ my one and only..i’m ready လို႔ေရးသားထားတာပါ။
သူ႔ရဲ႕မဂၤလာပြဲကိုျပင္ဆင္ေနတဲ့ပုံရိပ္ေလးကေတာ့ ရင္ခုန္စိတ္လႈပ္ရွားစရာျဖစ္ခဲ့ၿပီး ပရိသတ္ေတြကိုသေဘာက်ေစခဲ့ပါတယ္။ မင္းသမီးကေတာ့ သူ႔ရဲ႕မဂၤလာပြဲအတြက္ျပင္ဆင္ေနတဲ့ပုံရိပ္ကိုလွ်ိဳ႕ဝွက္စြာထုတ္ေဖာ္ျပခဲ့တာကေတာ့ တကယ့္ကိုခ်စ္စရာပါပဲ။ Congradulations ပါGong Hyo Jin