မင်းသားချော Song Joon Ki ရဲ့ဒရမ်မာသစ်ထုတ်လွှင့်မယ့်ရက်ကိုကြေညာ

Posted on

မင်းသားချော Song Joon Ki ကတော့ ဇာတ်လမ်းသစ်နဲ့အတူ ပရိသတ်တွေဆီပြန်လာတော့မှာပါ။ ဇာတ်လမ်းတွဲနာမည်ကတော့ Reborn Rich ဖြစ်ပြီးတော့ JTBC ကထုတ်လွှင့်မယ့်ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ JTBC ကတော့ ပါဝင်တဲ့သရုပ်ဆောင်များကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။


ထွက်ပေါ်လာတဲ့ပုံမှာတော့ Song Joon Ki ဟာ ဓာတ်ပုံရဲ့စုတ်ပြဲနေသောအပိုင်းမှာပါဝင်နေတာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Song Joon Ki အပြင် မင်းသမီးShin Hyun Bin ၊ Girls’ Generation အဖွဲ့ဝင် Tiffany ၊ Kim Nam Hee ၊ Jo Han Chul၊ Kim Jung Nan၊Yoon Je Moon နဲ့ Kim Young Jaeတို့ကလည်းပါဝင်ထားပါတယ်။


Reborn Rich ကတော့ အလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုရဲ့သတ်ဖြတ်မှုကိုခံလိုက်ရတဲ့အလုပ်သမားတစ်ဦးဟာ အဲ့ဒီမိသားစုရဲ့အငယ်ဆုံးသားအဖြစ်ပြန်လည်ဝင်စားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ စိတ်ဝင်စားစရာဒီဇာတ်လမ်းကတော့ နိုင်ဝင်ဘာလ(၁၈) မှာစတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




