တိတ်တဆိတ်လက်ထပ်ထားတာလားလို့မေးခွန်းထုတ်ခံရတဲ့ မင်းသမီး Kim Go Eun

Posted on

သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့်နာမည်ကြီးတဲ့မင်းသမီးကတော့ Kim Go Eun ပါ။ သူကတော့ ထုတ်လွှင့်ပြီးစီးသွားတဲ့ Little Women ဇာတ်လမ်းတွဲနဲ့အတူချီးကျူးမှုတွေ ရရှိထားပါသေးတယ်။ Kim Go Eun ကတော့ Marie Clarie နဲ့အင်တာဗျူးလုပ်ခဲ့ပြီး လက်ထပ်တဲ့သတင်းနဲ့ပတ်သက်တဲ့ကောလာဟလတွေကို ရှင်းပြခဲ့ပါတယ်။


Kim Go Eun ကတော့ လုပ်ရိုးလုပ်စဉ်တွေကိုလုပ်ရတာနဲ့ ဓလေ့ထုံးတမ်းတွေကိုကြိုက်တဲ့သူဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ သူကတော့ တူညီတဲ့အလုပ်တွေကို နေ့တိုင်းလုပ်သလို တူညီတဲ့အဝတ်အစားပုံစံတွေကိုလည်း ဝတ်လေ့ရှိပါတယ်။ ပရိသတ်တွေစိတ်ဝင်စားတာကတော့ သူဝတ်လေ့ရှိတဲ့လက်စွပ်လေးဖြစ်ပြီး ဒီလက်စွပ်ကတော့ စေ့စပ်လက်စွပ်မဟုတ်သလို လက်ထပ်လက်စွပ်လည်းမဟုတ်ဘူးလို့ဆိုပါတယ်။


ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ဒီလက်စွပ်လေးကတော့အမေဖြစ်သူဆီက မွေးနေ့လက်ဆောင်ရထားတဲ့လက်စွပ်လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချစ်ရေးကိုစိတ်မဝင်စားသေးဘဲ မင်းသမီးအလုပ်ကိုသာအာရုံစိုက်နေကြောင်း ပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




