Son Dam Bi ဟာ Gong Hyo Jin ရဲ့မင်္ဂလာပွဲကိုပျက်ကွက်ခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ခင်မင်မှုကအဆုံးသတ်သွားပြီလို့ ထင်ကြေးပေးခဲ့ကြ

Posted on

ဒီရက်ပိုင်းမှာတော့ မင်းသမီး Gong Hyo Jin ရဲ့ မင်္ဂလာသတင်းကတော့လူပြောများနေခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ မင်းသမီး Son Dam Bi ဟာ Gong Hyo Jin ရဲ့မင်္ဂလာပွဲကိုပျက်ကွက်ခဲ့တဲ့နောက် သူတို့တွေခင်မင်ရင်းနှီးအဆုံးသတ်သွားပြီလို့ ထင်ကြေးပေးမှုတွေရှိလာခဲ့ပါတယ်။


အောက်တိုဘာလ(၁၃)ရက်နေ့မှာတော့ Son Dam Bi ဟာ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ ကိတ်မုန့်ဆိုင်တစ်ခုရှေ့မှာရပ်နေတဲ့ပုံတင်ထားပြီး ရာသီဥတုသာယာကြောင်းရေးထားတာပါ။ ဒါ့အပြင် နောက်ထပ်လည်း ရေညှိထမင်းလိပ်ပုံတွေကိုတင်ထားပြီး သူ့ရဲ့သူငယ်ချင်းတစ်ယောက်ရဲ့ရေညှိထမင်းလိပ်ကကောင်းကြောင်းတဲ့အကြောင်းဖော်ပြထားပါသေးတယ်။ ဒီလိုပိုစ့်တွေအရ သူကတော့ မင်းသမီး Gong Hyo Jin ရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပုံမရပါဘူး။


အရင်ကလည်း Son Dam Bi ဟာJung Ryeo Won နဲ့ပတ်သက်တဲ့အငြင်းပွားမှုတွေဖြစ်ခဲ့ပြီးနောက် Gong Hyo Jin နဲ့လည်း သူငယ်ချင်းဆက်ဆံရေးကိုဖြတ်တောက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ပရိသတ်တွေရဲ့ထင်ကြေးဟာအမှန်တကယ် ဖြစ်နေမလားနော်။
Zawgyi ဖြင့်ဖတ်ရန်






Zawgyi ဖြင့်ဖတ်ရန်