စိတ်ကူးယဉ်ဒရမ်မာဇာတ်လမ်းတွဲသစ်မှာ ပါဝင်သွားနိုင်ဖွယ်ရှိတဲ့ Ryeo Un နဲ့ Choi Hyun Wook

ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသိကြတဲ့တက်သစ်စမင်းသားတွေဖြစ်တဲ့ Ryeo Un နဲ့ Choi Hyun Wook ကိုတော့ သိကြမှာပါ။ သူတို့နှစ်ဦးကိုတော့ ဒရမ်မာသစ်မှာအတူတွေ့ရဖွယ်ရှိပါတယ်။ သူတို့နှစ်ဦးကတော့ ဒရမ်မာသစ်တစ်ခုမှာပါဝင်ဖို့အတွက် ဆုံးဖြတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။


ဒရမ်မာဇာတ်လမ်းတွဲနာမည်ကတော့ Sparkling Watermelon လို့လက်ရှိနာမည်ပေးထားတဲ့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစားဖြစ်ပါတယ်။ Ryeo Un နဲ့ Choi Hyun Wook တို့နှစ်ဦးစလုံးကတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်နေရာကို ကမ်းလှမ်းထားခြင်းခံရတာပါ။ Sparkling Watermelon ကတော့ နားမကြားတဲ့မိဘတွေကမွေးဖွားလာတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။


ဒီဇာတ်လမ်းထဲမှာတော့ သူဟာ ထူးခြားဆန်းကြယ်တဲ့တူရိယာပစ္စည်းကြောင့် အတိတ်ကိုပြန်ရောက်သွားခဲ့ပြီး ဖခင်ဖြစ်သူဟာသက်တူရွယ်တူဖြစ်နေခဲ့တာပါ။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့သူငယ်ချင်းမိန်းကလေးနဲ့ချစ်ကြိုက်မိဦးမှာလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာဇာတ်လမ်းမှာ Ryeo Un နဲ့ Choi Hyun Wook တို့နှစ်ဦးကိုမြင်တွေ့ရမလားနော်။
Zawgyi ဖြင့်ဖတ်ရန်





Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x