Nam Goong Min နဲ့ Jin Ah Reum တို့ရဲ့မင်္ဂလာပွဲကုန်ကျစရိတ်ဟာ ရေပန်းစားတဲ့အကြောင်းအရာဖြစ်ခဲ့

Posted on

ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲဖြစ်တဲ့ Nam Goong Min နဲ့ Jin Ah Reum တို့နှစ်ဦးကတော့ (၇) နှစ်ခန့်တွဲကြပြီးနောက်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ဒါရိုက်တာမင်းသားနဲ့ မော်ဒယ်လ်မင်းသမီးတို့ရဲ့မင်္ဂလာပွဲကတော့ ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ရေပန်းစားတဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။


မင်္ဂလာပွဲတွေစီစဉ်သူတစ်ဦးကတော့ Silla Hotel မှာကျင်းပတဲ့ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲပုံစံမျိုးတွေရဲ့ကုန်ကျစရိတ်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူကတော့ ပန်းတွေကိုအလှဆင်ထားတာကပိုပြီးတော့ဈေးကြီးနိုင်ကြောင်းပြောခဲ့ပါတယ်။ ပန်းအလှဆင်တာတွေက ဝမ်သန်း(၂၀)နဲ့(၃၀) ကြား လာတဲ့ဧည့်သည်တစ်ဦးကို ဝမ်(၁၈၀,၀၀၀) ခန့်ကုန်ကျခံကျွေးမွေးခဲ့တာဖြစ်ပြီး သတို့သမီးရဲ့ဝတ်စုံကတော့ ဝမ်(၇) သန်းခန့်ကုန်ကျမယ်လို့ဆိုပါတယ်။


Nam Goong Min နဲ့ Jin Ah Reum တို့နှစ်ဦးကုန်ကျစရိတ်ကတော့ ဝမ်သန်း(၁၀၀) ကနေ(၂၀၀)ကြားထဲရှိတာကြောင့် ကန်ဒေါ်လာ (၇၀,၀၀၀) ကနေ (၁၄၀,၀၀၀) ဝန်းကျင်ရှိမယ်လို့ သိရပါယ်။ မင်္ဂလာပွဲကုန်ကျစရိတ်တင်မက လာရောက်ခဲ့တဲ့ဧည့်သည်တွေဖြစ်တဲ့ Jung Moon Sung၊ TVXQ၊ မင်းသမီး Park Shin Hye နဲ့ ခင်ပွန်း Choi Tae Joon ၊ Seo Hyo Rim၊ 2PMအဖွဲ့ဝင် Junhoနဲ့ Super Juniorအဖွဲ့ဝင် Heechul စတဲ့နာမည်ကြီးများစွာတက်ရောက်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


