Blackpink ရဲ့ဖျော်ဖြေပွဲဖြစ်တဲ့ Born Pink မှာတွေ့ခဲ့ရတဲ့ Hyeri

Posted on

အိုင်ဒေါတစ်ယောက်လည်းဖြစ်ပြီးမင်းသမီးတစ်လက်လည်း ဖြစ်တဲ့ Hyeri ကတော့ Blackpink ရဲ့ဖျော်ဖြေပွဲဖြစ်တဲ့ Born Pink ကိုသွားရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။ သူကတော့ Blink တစ်ယောက်ဖြစ်တယ်ဆိုတာ (၂၀၁၈) ခုနှစ်ကတည်းက သိခဲ့ရတာဖြစ်ပါတယ်။


Blackpink ကတော့ လေးနှစ်ကြာပြီးနောက်မှာ world tour “Born Pink” ကိုတော့ ဆိုးလ်မှာ အောက်တိုဘာ(၁၅) ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ထောင်ပေါင်းများစွာသောပရိသတ်တွေကအားပေးခဲ့ကြပါတယ်။ Hyeri ကတော့ Blackpink အဖွဲ့ဝင်တွေဖြစ်တဲ့ Rose’ နဲ့ Jisoo တို့နှစ်ဦးနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့သူတစ်ယောက်ပါ။ ပွဲကိုသွားရောက်အားပေးခဲ့တဲ့ Hyeri ကတော့ Blackpink အဖွဲ့ဝင်တွေနဲ့အတူ ဓာတ်ပုံရိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


သူကတော့ပွဲကိုသွားရောက်ခဲ့တဲ့အကြောင်းကိုမျှဝေခဲ့တာဖြစ်ပြီး အင်စတာဂရမ်မှာ heart reaction သန်းနဲ့ချီပြီးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ Hyeri ကတော့ MBC ရဲ့ဒရမ်မာဖြစ်တဲ့ May I Help You မှာပါဝင်ထားပြီးအောက်တိုဘာလ(၁၉)ရက်နေ့မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




