နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာလည်း ရေပန်းအစားဆုံးဒရမ်မာနဲ့သရုပ်ဆောင်နေရာကိုသိမ်းပိုက်ထားတဲ့ Little Women

Posted on

Little Women ဒရမ်မာကတော့ ရေပန်းအစားဆုံးဒရမ်မာအနေနဲ့ထိပ်ဆုံးမှာရပ်တည်လျက်ရှိပါတယ်။ Good Data Corporation ရဲ့ရေပန်းအစားဆုံးဒရမ်မာတွေစာရင်းမှာ Little Women ကထိပ်ဆုံးမှာရှိနေတာပါ။


ဒီလိုအဆင့်သတ်မှတ်ချက်တွေကတော့ လက်ရှိပြသနေတဲ့ဒရမ်မာတွေနဲ့မကြာခင်ပြသတော့မယ့်ဒရမ်မာတွေနဲ့ပတ်သက်ပြီး အွန်လိုင်းအသုံးပြုသူတွေကြား သတင်း၊ဘလော့၊ ဗီဒီယိုနဲ့လူမှုကွန်ရက်တွေကအချက်အလက်တွေကိုကောက်ခံပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ Little Women ကတော့ ဒရမ်မာအပြင်ရေပန်းအစားဆုံးသရုပ်ဆောင်စာရင်းမှာလည်း Kim Go Eun နဲ့ Wi Ha Joon နံပါတ်တစ်နဲ့နှစ်အသီးသီးရယူထားပါတယ်။


ဒါ့အပြင် Uhm Ji Won ကနံပါတ်(၇) Chu Ja Hyun က (၈) Uhm Ki Joon ကနံပါတ်(၉)နဲ့ Nam Ji Hyun (၁၀)မှာရှိနေတာကြောင့် Little Women ဒရမ်မာရဲ့သရုပ်ဆောင်တွေကတော့ ရေပန်းစားတဲ့စာရင်းမှာ ၆ နေရာတောင်ယူထားတဲ့အထိအောင်မြင်နေတာ ဖြစ်ပါတယ်။ SBS ရဲ့ “One Dollar Lawyer”ကတော့ရေပန်းစားတဲ့ဒရမ်မာတွေမှာ နံပါတ်(၂)နေရာမှာရှိနေပြီး မင်းသား Nam Goong Min ကတော့ နံပါတ်(၄)နေရာကိုရယူထားပြန်တာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ေနာက္ဆုံးထုတ္လႊင့္ခဲ့တဲ့အပိုင္းမွာလည္း ေရပန္းအစားဆုံးဒရမ္မာနဲ႔သ႐ုပ္ေဆာင္ေနရာကိုသိမ္းပိုက္ထားတဲ့ Little Women
Little Women ဒရမ္မာကေတာ့ ေရပန္းအစားဆုံးဒရမ္မာအေနနဲ႔ထိပ္ဆုံးမွာရပ္တည္လ်က္ရွိပါတယ္။ Good Data Corporation ရဲ႕ေရပန္းအစားဆုံးဒရမ္မာေတြစာရင္းမွာ Little Women ကထိပ္ဆုံးမွာရွိေနတာပါ။


ဒီလိုအဆင့္သတ္မွတ္ခ်က္ေတြကေတာ့ လက္ရွိျပသေနတဲ့ဒရမ္မာေတြနဲ႔မၾကာခင္ျပသေတာ့မယ့္ဒရမ္မာေတြနဲ႔ပတ္သက္ၿပီး အြန္လိုင္းအသုံးျပဳသူေတြၾကား သတင္း၊ဘေလာ့၊ ဗီဒီယိုနဲ႔လူမႈကြန္ရက္ေတြကအခ်က္အလက္ေတြကိုေကာက္ခံၿပီး ဆုံးျဖတ္တာျဖစ္ပါတယ္။ Little Women ကေတာ့ ဒရမ္မာအျပင္ေရပန္းအစားဆုံးသ႐ုပ္ေဆာင္စာရင္းမွာလည္း Kim Go Eun နဲ႔ Wi Ha Joon နံပါတ္တစ္နဲ႔ႏွစ္အသီးသီးရယူထားပါတယ္။


ဒါ့အျပင္ Uhm Ji Won ကနံပါတ္(၇) Chu Ja Hyun က (၈) Uhm Ki Joon ကနံပါတ္(၉)နဲ႔ Nam Ji Hyun (၁၀)မွာရွိေနတာေၾကာင့္ Little Women ဒရမ္မာရဲ႕သ႐ုပ္ေဆာင္ေတြကေတာ့ ေရပန္းစားတဲ့စာရင္းမွာ ၆ ေနရာေတာင္ယူထားတဲ့အထိေအာင္ျမင္ေနတာ ျဖစ္ပါတယ္။ SBS ရဲ႕ “One Dollar Lawyer”ကေတာ့ေရပန္းစားတဲ့ဒရမ္မာေတြမွာ နံပါတ္(၂)ေနရာမွာရွိေနၿပီး မင္းသား Nam Goong Min ကေတာ့ နံပါတ္(၄)ေနရာကိုရယူထားျပန္တာပဲျဖစ္ပါတယ္။