အင်စတာဂရမ်မှာ ဝင်ငွေအမြင့်ဆုံးအာရှဆယ်လီတစ်ယောက်အဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ Jisoo

Posted on

BLACKPINK အဖွဲ့ဝင် Jisooကတော့ အင်စတာဂရမ်မှာ (၆၅)သန်းကျော် follower ရှိနေတာဖြစ်ပြီးကမ္ဘာနဲ့ချီတဲ့အောင်မြင်မှုတွေနဲ့ရရှိနေတဲ့ ကေပေါပ့်အနုပညာရှင်တွေထဲမှာထိပ်ဆုံးကရပ်တည်နေတာပါ။


Jisoo ကတော့ ဂီတပိုင်းတင်မကသရုပ်ဆောင်ပိုင်းမှာပါထူးချွန်တဲ့သူဖြစ်ရုံတင်မက လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူအနေနဲ့ပါ ချီးမွမ်းခံရတဲ့သူပါ။ သူကတော့ ကိုရီးယားသရုပ်ဆောင်တွေထဲမှာလည်း အင်စတာဂရမ်မှာ follower အများဆုံးလည်း ဖြစ်ပါတယ်။ Snowdrop ဒရမ်မာနဲ့အတူအဓိကဇာတ်ဆောင်အဖြစ်ပွဲဦးထွက်ခဲ့တဲ့ Jisoo ကတော့ (၂၀၂၂) ခုနှစ်ရဲ့ Seoul Drama Awards မှာ Outstanding Korean Actress ဆုကို ရရှိခဲ့တာပါ။

အင်စတာဂရမ်မှာ Follower များစွာသိမ်းပိုက်ထားတဲ့ Jisoo ကတော့ တောင်ကိုရီးယားနိုင်ငံမှာတင်မက အာရှမှာလည်း ဝင်ငွေအများဆုံးရှာနိုင်တဲ့ဆယ်လီတစ်ယောက်အဖြစ် ရပ်တည်နေပြန်ပါတယ်။ Jisoo ကတော့အရည်အချင်းလည်းရှိတဲ့သူဖြစ်ပြီး အောင်မြင်မှုများစွာကိုသိမ်းပိုက်ထားနိုင်တဲ့သူပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်




