ဒီဇင်ဘာလမှာစစ်မှုထမ်းဆောင်ရတော့မယ့်မင်းသား Nam Joo Hyuk

Posted on

မင်းသားချော Nam Joo Hyuk ကတော့မဒီလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်ဖြစ်ပြီး ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေကြားနာမည်ကြီးသူတစ်ယောက်ပါ။ Nam Joo Hyuk ကတော့ မကြာခင်မှာစစ်မှုထမ်းဆောင်ရတော့မှာ ဖြစ်တယ်လို့သိရပါတယ်။


မီဒီယာတွေရဲ့သတင်းအရ Nam Joo Hyuk ဟာ ဒီဇင်ဘာလမှာ စစ်မှုတာဝန်ထမ်းဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။ မင်းသားဟာ Disney+ ရဲ့ original series တစ်ခုဖြစ်တဲ့ Vigilante ကို နိုဝင်ဘာလလယ်မှာရိုက်ကူးတော့မယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာပါ။ သူ့ရဲ့အေဂျင်စီကတော့ Nam Joo Hyuk ဟာဒီနှစ်မှာ စစ်မှုထမ်းဆောင်တော့မှာဖြစ်တယ်လို့ဆိုပေမဲ့ ရက်ကိုတော့အတိအကျမသိရသေးပါဘူး။


သူရိုက်ကူးထားတဲ့ Remember ရုပ်ရှင်ဇာတ်ကားကတော့ အောက်တိုဘာလ(၂၆)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ဒရမ်မာဇာတ်လမ်းတွဲ Twenty-Five Twenty-One ဟာလည်း အလွန်အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


