အင်စတာဂရမ်မှာအသစ်စက်စက်ခင်ပွန်းဖြစ်သူရဲ့ ပုံကိုတင်ခဲ့ပြီး ရိုမန်တစ်ဆန်ပြခဲ့တဲ့ Gong Hyo Jin

Posted on

နာမည်ကျော်မင်းသမီး Gong Hyo Jin ကတော့ အောက်တိုဘာလ(၁၁)ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ သူကတော့ ခင်ပွန်းဖြစ်သူ အဆိုတော်တေးရေးတစ်ယောက်ဖြစ်တဲ့ Kevin Oh နေထိုင်ရာနယူးယောက်မှာလက်ထပ်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲပုံရိပ်တွေကို တရားဝင်ထုတ်ဖော်ခဲ့ခြင်းမရှိပါဘူး။ မင်္ဂလာပွဲကျင်းပပြီးတစ်ပတ်ကျော်အကြာမှာတော့ အသစ်စက်စက်ခင်ပွန်းဖြစ်သူရဲ့ပုံရိပ်ကို သူ့ရဲ့အင်စတာဂရမ်မှာမျှဝေခဲ့တာ ဖြစ်ပါတယ်။


မေးထောက်နေတဲ့ ခင်ပွန်းဖြစ်သူ Kevin Oh ရဲ့ပုံရိပ်ကို My Angel လို့ရေးသားခဲ့ပြီး သူ့ရဲ့ချစ်ခင်မြတ်နိုးမှုကိုဖော်ပြထားတာတွေ့ရပါတယ်။ သူ့ရဲ့ပိုစ့်အောက်မှာတော့ ဂုဏ်ပြုကြောင်းပြောဆိုတဲ့သူအများအပြားရှိခဲ့ပါတယ်။ မင်းသမီး Gong Hyo Jin ကတော့ သူငယ်ချင်းဖြစ်သူ Son Ye Jin ရဲ့မင်္ဂလာပွဲမှာလက်ကိုင်ပန်းစည်းရခဲ့ပြီးနောက်မှာ Kevin Oh နဲ့တွဲနေတာဖြစ်ကြောင်းကို ဖော်ထုတ်ခံခဲ့ရတာပါ။


သတင်းတွေထွက်ရှိပြီး ခြောက်လခန့်အကြာမှာတော့ သူတို့နှစ်ဦးဟာတရားဝင်လက်ထပ်ထိမ်းမြားသွားပြီပဲ ဖြစ်ပါတယ်။ မင်းသမီးကတော့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး မင်္ဂလာဝတ်စုံဝတ်ဆင်ထားတယ်လို့ယူဆရတဲ့ပုံတစ်ပုံ ၊ ဧည့်ခံပွဲပုံရိပ်နဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့လက်ထပ်လက်စွပ်နဲ့ပုံရိပ်တွေကိုသာမျှဝေခဲ့တာပါ။


Zawgyi ဖြင့်ဖတ်ရန်

အင္စတာဂရမ္မွာအသစ္စက္စက္ခင္ပြန္းျဖစ္သူရဲ႕ ပုံကိုတင္ခဲ့ၿပီး ႐ိုမန္တစ္ဆန္ျပခဲ့တဲ့ Gong Hyo Jin

နာမည္ေက်ာ္မင္းသမီး Gong Hyo Jin ကေတာ့ ေအာက္တိုဘာလ(၁၁)ရက္ေန႔က မဂၤလာပြဲက်င္းပခဲ့တာျဖစ္ပါတယ္။ သူကေတာ့ ခင္ပြန္းျဖစ္သူ အဆိုေတာ္ေတးေရးတစ္ေယာက္ျဖစ္တဲ့ Kevin Oh ေနထိုင္ရာနယူးေယာက္မွာလက္ထပ္ခဲ့တာျဖစ္ၿပီး မဂၤလာပြဲပုံရိပ္ေတြကို တရားဝင္ထုတ္ေဖာ္ခဲ့ျခင္းမရွိပါဘူး။ မဂၤလာပြဲက်င္းပၿပီးတစ္ပတ္ေက်ာ္အၾကာမွာေတာ့ အသစ္စက္စက္ခင္ပြန္းျဖစ္သူရဲ႕ပုံရိပ္ကို သူ႔ရဲ႕အင္စတာဂရမ္မွာမွ်ေဝခဲ့တာ ျဖစ္ပါတယ္။


ေမးေထာက္ေနတဲ့ ခင္ပြန္းျဖစ္သူ Kevin Oh ရဲ႕ပုံရိပ္ကို My Angel လို႔ေရးသားခဲ့ၿပီး သူ႔ရဲ႕ခ်စ္ခင္ျမတ္ႏိုးမႈကိုေဖာ္ျပထားတာေတြ႕ရပါတယ္။ သူ႔ရဲ႕ပိုစ့္ေအာက္မွာေတာ့ ဂုဏ္ျပဳေၾကာင္းေျပာဆိုတဲ့သူအမ်ားအျပားရွိခဲ့ပါတယ္။ မင္းသမီး Gong Hyo Jin ကေတာ့ သူငယ္ခ်င္းျဖစ္သူ Son Ye Jin ရဲ႕မဂၤလာပြဲမွာလက္ကိုင္ပန္းစည္းရခဲ့ၿပီးေနာက္မွာ Kevin Oh နဲ႔တြဲေနတာျဖစ္ေၾကာင္းကို ေဖာ္ထုတ္ခံခဲ့ရတာပါ။


သတင္းေတြထြက္ရွိၿပီး ေျခာက္လခန႔္အၾကာမွာေတာ့ သူတို႔ႏွစ္ဦးဟာတရားဝင္လက္ထပ္ထိမ္းျမားသြားၿပီပဲ ျဖစ္ပါတယ္။ မင္းသမီးကေတာ့ မဂၤလာပြဲနဲ႔ပတ္သက္ၿပီး မဂၤလာဝတ္စုံဝတ္ဆင္ထားတယ္လို႔ယူဆရတဲ့ပုံတစ္ပုံ ၊ ဧည့္ခံပြဲပုံရိပ္နဲ႔ သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးရဲ႕လက္ထပ္လက္စြပ္နဲ႔ပုံရိပ္ေတြကိုသာမွ်ေဝခဲ့တာပါ။