JTBC ဒရမ်မာအသစ်ရဲ့ ပိုစတာပုံရိပ်မှာတွေ့ခဲ့ရတဲ့ Song Joong Ki နဲ့ Lee Sung Min

Posted on

မင်းသားချော Song Joong Ki ရဲ့ဒရမ်မာတွေကိုမျှော်လင့်နေတဲ့ပရိသတ်တွေကတော့ ဇာတ်လမ်းတွဲသစ်ကိုကြည့်ရှုရတော့မှာပါ။ ဒီဇာတ်လမ်းတွဲကတော့ သွေးကြွေးကလဲစားချေမယ့်အကြောင်းရိုက်ကူးထားတဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းတွဲမျိုးလည်း ဖြစ်ပါတယ်။


နောက်လမှာထုတ်လွှင့်မယ့်ဒီဇာတ်လမ်းတွဲနာမည်ကတော့ Reborn Rich ဖြစ်ပြီး (၁၉၈၀)ခုနှစ်ခန့်က ကြွယ်ဝချမ်းသာတဲ့မိသားစုရဲ့အငယ်ဆုံးသားဖြစ်သူရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာကြီးမားပြီးသြဇာအာဏာရှိတဲ့မိသားစုတစ်စုရဲ့အတွင်းရေးမှူးဖြစ်သူ Yoon Hyun Woo ရဲ့ဇာတ်ကြောင်းကို ရေးသားထားတာပါ။


Yoon Hyun Woo ကတော့ ဖြစ်ရပ်တစ်ခုကြောင့် အလုပ်အကိုင်ဆုံးရှုံးကာမိသားစုနဲ့လည်း ပြတ်တောက်ခဲ့ရတာပါ။ သူကတော့ ခွေးတစ်ကောင်အနေနဲ့တင်မက မိသားစုရဲ့အငယ်ဆုံးသားအနေနဲ့သွေးကြွေးကလဲ့စားချေဖို့ပြန်လည်ရောက်ရှိလာမှာပါ။ ဒီစိတ်ဝင်စားဖွယ်ဇာတ်ကားကတော့ ပိုစတာအသစ်ထပ်မံထွက်ရှိလာပြန်တာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

JTBC ဒရမ္မာအသစ္ရဲ႕ ပိုစတာပုံရိပ္မွာေတြ႕ခဲ့ရတဲ့ Song Joong Ki နဲ႔ Lee Sung Min
မင္းသားေခ်ာ Song Joong Ki ရဲ႕ဒရမ္မာေတြကိုေမွ်ာ္လင့္ေနတဲ့ပရိသတ္ေတြကေတာ့ ဇာတ္လမ္းတြဲသစ္ကိုၾကည့္ရႈရေတာ့မွာပါ။ ဒီဇာတ္လမ္းတြဲကေတာ့ ေသြးေႂကြးကလဲစားေခ်မယ့္အေၾကာင္း႐ိုက္ကူးထားတဲ့ ထူးျခားဆန္းၾကယ္ဇာတ္လမ္းတြဲမ်ိဳးလည္း ျဖစ္ပါတယ္။


ေနာက္လမွာထုတ္လႊင့္မယ့္ဒီဇာတ္လမ္းတြဲနာမည္ကေတာ့ Reborn Rich ျဖစ္ၿပီး (၁၉၈၀)ခုႏွစ္ခန႔္က ႂကြယ္ဝခ်မ္းသာတဲ့မိသားစုရဲ႕အငယ္ဆုံးသားျဖစ္သူရဲ႕ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈကို အေျခခံထားပါတယ္။ဒီဇာတ္လမ္းတြဲကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဂုဏ္သိကၡာႀကီးမားၿပီးၾသဇာအာဏာရွိတဲ့မိသားစုတစ္စုရဲ႕အတြင္းေရးမႉးျဖစ္သူ Yoon Hyun Woo ရဲ႕ဇာတ္ေၾကာင္းကို ေရးသားထားတာပါ။


Yoon Hyun Woo ကေတာ့ ျဖစ္ရပ္တစ္ခုေၾကာင့္ အလုပ္အကိုင္ဆုံးရႈံးကာမိသားစုနဲ႔လည္း ျပတ္ေတာက္ခဲ့ရတာပါ။ သူကေတာ့ ေခြးတစ္ေကာင္အေနနဲ႔တင္မက မိသားစုရဲ႕အငယ္ဆုံးသားအေနနဲ႔ေသြးေႂကြးကလဲ့စားေခ်ဖို႔ျပန္လည္ေရာက္ရွိလာမွာပါ။ ဒီစိတ္ဝင္စားဖြယ္ဇာတ္ကားကေတာ့ ပိုစတာအသစ္ထပ္မံထြက္ရွိလာျပန္တာျဖစ္ပါတယ္။