Jisoo ဖျော်ဖြေတဲ့ပွဲကိုလာရောက်အားပေးခဲ့ကြတဲ့ Snowdrop ဒရမ်မာသရုပ်ဆောင်တွေရဲ့နွေးထွေးတဲ့ပုံရိပ်တွေ

Posted on

Jisoo ကတော့ ရုပ်ရည်ချောမောပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်သလို လူမှုဆက်ဆံရေးကောင်းမွန်တာကြောင့်လည်း ချစ်ခင်တဲ့သူပေါများတယ်လို့ဆိုရမှာပါ။ သူကတော့ Snowdrop ဇာတ်လမ်းတွဲနဲ့အတူ အဓိကဇာတ်ဆောင်အဖြစ်ပွဲဦးထွက်ခဲ့ပါတယ်။


World Tour အဖြစ်ဆိုးလ်မှာစတင်ခဲ့တဲ့ BLACKPINK ရဲ့ဖျော်ဖြေပွဲကိုတော့ Jisoo နဲ့အတူ Snowdrop ဇာတ်လမ်းတွဲမှာရိုက်ကူးခဲ့တဲ့သရုပ်ဆောင်တွေက လာရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အောက်တိုဘာ(၁၆)ရက်နေ့မှာတော့ Jung Shin Hye ဟာ သူ့ရဲ့အင်စတာဂရမ်မှာ Jisoo ကိုသွားရောက်အားပေးခဲ့ကြတဲ့ပုံရိပ်တွေကိုတင်ခဲ့ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေပါဝင်တဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေရဲ့အာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။


မင်းသမီးတွေဖြစ်ကြတဲ့ Shin Jung Hye၊ Kim Hye Yoon၊ Jung Yi Seoနဲ့ Choi Hee Jin တို့ကတော့ Jisoo နဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိနေသေးကြောင်းကိုမြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် မင်းသားချော Jung Hae In ကလည်း Jisoo နဲ့ရိုက်ထားတဲ့ပုံကိုအင်စတာဂရမ်မှာတင်ခဲ့သေးတာ ဖြစ်ပါတယ်။ Blackpink ရဲ့ဖျော်ဖြေပွဲကိုလာရောက်ခဲ့တဲ့သူတွေအတူစုပြီးတော့ Jisooနဲ့အတူရိုက်ကူးထားတဲ့ပုံရိပ်တွေကတော့ တွေ့မြင်ရတဲ့သူတွေရဲ့ရင်ကိုနွေးထွေးစေတာအမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

Jisoo ေဖ်ာ္ေျဖတဲ့ပြဲကိုလာေရာက္အားေပးခဲ့ၾကတဲ့ Snowdrop ဒရမ္မာသ႐ုပ္ေဆာင္ေတြရဲ႕ေႏြးေထြးတဲ့ပုံရိပ္ေတြ
Jisoo ကေတာ့ ႐ုပ္ရည္ေခ်ာေမာၿပီးအရည္အခ်င္းရွိတဲ့သူတစ္ေယာက္ျဖစ္သလို လူမႈဆက္ဆံေရးေကာင္းမြန္တာေၾကာင့္လည္း ခ်စ္ခင္တဲ့သူေပါမ်ားတယ္လို႔ဆိုရမွာပါ။ သူကေတာ့ Snowdrop ဇာတ္လမ္းတြဲနဲ႔အတူ အဓိကဇာတ္ေဆာင္အျဖစ္ပြဲဦးထြက္ခဲ့ပါတယ္။


World Tour အျဖစ္ဆိုးလ္မွာစတင္ခဲ့တဲ့ BLACKPINK ရဲ႕ေဖ်ာ္ေျဖပြဲကိုေတာ့ Jisoo နဲ႔အတူ Snowdrop ဇာတ္လမ္းတြဲမွာ႐ိုက္ကူးခဲ့တဲ့သ႐ုပ္ေဆာင္ေတြက လာေရာက္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ ေအာက္တိုဘာ(၁၆)ရက္ေန႔မွာေတာ့ Jung Shin Hye ဟာ သူ႔ရဲ႕အင္စတာဂရမ္မွာ Jisoo ကိုသြားေရာက္အားေပးခဲ့ၾကတဲ့ပုံရိပ္ေတြကိုတင္ခဲ့ပါတယ္။ နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြပါဝင္တဲ့ပုံရိပ္ေတြကေတာ့ ပရိသတ္ေတြရဲ႕အာ႐ုံစိုက္စရာျဖစ္လာခဲ့ပါတယ္။


မင္းသမီးေတြျဖစ္ၾကတဲ့ Shin Jung Hye၊ Kim Hye Yoon၊ Jung Yi Seoနဲ႔ Choi Hee Jin တို႔ကေတာ့ Jisoo နဲ႔ ခိုင္မာတဲ့ဆက္ဆံေရးရွိေနေသးေၾကာင္းကိုျမင္ေတြ႕ႏိုင္ပါတယ္။ ဒါ့အျပင္ မင္းသားေခ်ာ Jung Hae In ကလည္း Jisoo နဲ႔႐ိုက္ထားတဲ့ပုံကိုအင္စတာဂရမ္မွာတင္ခဲ့ေသးတာ ျဖစ္ပါတယ္။ Blackpink ရဲ႕ေဖ်ာ္ေျဖပြဲကိုလာေရာက္ခဲ့တဲ့သူေတြအတူစုၿပီးေတာ့ Jisooနဲ႔အတူ႐ိုက္ကူးထားတဲ့ပုံရိပ္ေတြကေတာ့ ေတြ႕ျမင္ရတဲ့သူေတြရဲ႕ရင္ကိုေႏြးေထြးေစတာအမွန္ပါပဲေနာ္။