ဒရမ်မာသစ် Haesi’s Shinru နဲ့ပရိသတ်ဆီပြန်လာမယ့် Kim Seon Ho

Posted on

ပါးချိုင့်လေးနဲ့မင်းသားလေးဆိုပြီးနှုတ်ခမ်းနီမလေးတွေကြားရေပန်းစားတဲ့မင်းသားကတော့ Kim Seon Ho ပါ။ အနုပညာလှုပ်ရှားမှုတွေကျဲနေတဲ့မင်းသားကတော့ ဒရမ်မာအသစ်ရိုက်ကူးဖို့လက်ခံလိုက်တာဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေမျှော်လင့်နေတဲ့သတင်းတစ်ခုလည်း ဖြစ်ပါတယ်။


Kim Seon Ho ကတော့ Haesi’s Shinru ဆိုတဲ့ဒရမ်မာမှာပါဝင်လာမယ်ဆိုတဲ့သတင်းတွေ ထွက်ရှိလာတာပါ။ မီဒီယာတွေကတော့ Kim Seon Ho ဟာ Haesi’s Shinru ဆိုတဲ့ ဒရမ်မာနဲ့ပရိသတ်တွေဆီကိုပြန်လာမယ်လို့ ဆိုခဲ့သလို ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ ထုတ်လုပ်ရေးကလည်း မင်းသားပါဝင်သရုပ်ဆောင်ဖို့အတွက်အပြုသဘောသုံးသပ်မှုတွေလုပ်နေကြတဲ့အကြောင်းပြောခဲ့ပါတယ်။ Haesi’s Shinru ဒရမ်မာကတော့ သမိုင်းကြောင်းနောက်ခံအချစ်ဒရမ်မာဇာတ်လမ်းဖြစ်ပါတယ်။


ဒီဇာတ်လမ်းကတော့ အနာဂတ်ကိုမြင်နိုင်တဲ့ Hae Ru ဆိုတဲ့အမျိုးသမီးနဲ့ ကြယ်တွေကိုစိတ်ဝင်စားပြီးနှစ်သက်သဘောကျတဲ့ ညဏ်ကြီးရှင်သိပ္ပံပညာရှင် Lee Hyang တို့ကြားက ဇာတ်လမ်းကိုရေးသားထားတာ ဖြစ်ပါတယ်။ မင်းသား Kim Seon Ho ကတော့ ညဏ်ကြီးရှင်သိပ္ပံပညာရှင်လည်းဖြစ် အိမ်ရှေ့မင်းသားတစ်ဦးလည်းဖြစ်တဲ့ Lee Hyang နေရာကနေပါဝင်သွားမယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



