Ji Suk Jin ရဲ့အေဂျင်စီဖြစ်တဲ့ Uzu Rocks နဲ့လက်တွဲလိုက်တဲ့မင်းသမီး Song Ji Hyo

Posted on

Song Ji Hyo ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တာကြောင့် ပရိသတ်တွေသိကြမှာပါ။ သူကတော့Running Man လိုအစီအဉ်မှာလည်း ပျော်ရွှင်တက်ကြွစွာပါဝင်တဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေသိကြပါတယ်။


မင်းသမီးကတော့ Running Man မှာအတူပါဝင်တဲ့ Ji Suk Jin ရဲ့အေဂျင်စီ Uzu Rocks ကို လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။ Uzu Rocks ကတော့ Song Ji Hyo နဲ့သီးသန့်စာချုပ်ချုပ်ဆိုခဲ့ကြောင်းကြေညာခဲ့ပြီး အခုလိုတီဗီရှိုးတွေကနေ သရုပ်ဆောင်အလုပ်တွေအထိအောင်မြင်ကျော်ကြားတဲ့သူနဲ့ လက်တွဲရလို့ ဝမ်းသာကြောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင်သူ့ရဲ့အလုပ်အသစ်တွေကိုလည်း အပြည့်အဝအထောက်အပံ့ပေးသွားမယ်လို့ ဆိုပါတယ်။


Uzu Rocks ကတော့ Ji Suk Jinအပြင် B.A.Pရဲ့ Zelo၊ Oh Man Seo နဲ့ Koyote ရဲ့ Bbaek Ga တို့ရှိရာ အေဂျင်စီတစ်ခုလည်း ဖြစ်ပါတယ်။ Song Ji Hyo တစ်ယောက် အနာဂတ်မှာလည်း အေဂျင်စီအသစ်နဲ့လက်တွဲပြီး အနုပညာအလုပ်တွေမှာ အောင်မြင်ပျော်ရွှင်စွာလုပ်ဆောင်နိုင်ပါစေ။
Zawgyi ဖြင့်ဖတ်ရန်



