နာမည်မကျော်ခင်မှာ အရံဇာတ်ရုပ်‌ပေါင်း(၅၀) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kim Hye Yoon

Posted on

ဇာတ်လမ်း‌တွဲတွေမှာကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တဲ့မင်းသမီးKim Hye Yoon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ သရုပ်ဆောင်သက်တမ်း (၉) နှစ်အတွင်းမှာကွဲပြားခြားတဲ့ဇာတ်ရုပ်ပေါင်းများစွာကို သရုပ်ဆောင်ခဲ့ဖူးသူပါ။


မင်းသမီးဟာ ပရိသတ်ေတွေသတိထားမိပြီး နာမည်မကျော်လာခင်အထိဇာတ်ရုပ်ပေါင်း (၅၀) ကျော်မှာသရုပ်ဆောင်ခဲ့ဖူးပါတယ်။ Sky Castle မှာလူပေါင်း (၂၀၀) ကျော်အာ်အနနက်ကရွေးချယ်ခံရပြီးပါဝင်ခဲ့ရတာကနေအောင်မြင်မှုအစပျိုးဖို့အခွင့်အလမ်းရခဲ့တာပါ။သူကတော့ Extraordinary You မှာမင်းသား Rowoon နဲ့အတူပါဝင်ခဲ့ပါသေးတယ်။ ဇာတ်ကားသစ် Then Girl On A Bulldozer မှာတော့ အဓိကဇာတ်ရုပ်ကစတင်ပါဝင်ခွင့်ရခဲ့ပြီး ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေမမှတ်မိနိုင်လောက်အောင်ပြောင်းလဲခဲ့တာပါ။


အခုဆိုရင်တော့ ဗားရှင်းအသစ်နဲ့ပြန်လည်ရိုက်ကူးထားတဲ့ Ditto ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားပြန်ပါတယ်။ သရုပ်ဆောင်ပိုင်နိုင်တဲ့ Kim Hye Yoon ရဲ့အနုပညာတွေကို ဆက်လက်မြင်တွေ့ရဦးမှာပါ ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်

နာမည္မေက်ာ္ခင္မွာ အရံဇာတ္႐ုပ္‌ေပါင္း(၅၀) မွာပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Kim Hye Yoon
တကယ္ႀကိဳးစားတဲ့ေကာင္မေလး…
ဇာတ္လမ္း‌တြဲေတြမွာက်ရာဇာတ္႐ုပ္ကိုပိုင္ပိုင္ႏိုင္ႏိုင္သ႐ုပ္ေဆာင္တဲ့မင္းသမီးKim Hye Yoon ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ သ႐ုပ္ေဆာင္သက္တမ္း (၉) ႏွစ္အတြင္းမွာကြဲျပားျခားတဲ့ဇာတ္႐ုပ္ေပါင္းမ်ားစြာကို သ႐ုပ္ေဆာင္ခဲ့ဖူးသူပါ။


မင္းသမီးဟာ ပရိသတ္ေေတြသတိထားမိၿပီး နာမည္မေက်ာ္လာခင္အထိဇာတ္႐ုပ္ေပါင္း (၅၀) ေက်ာ္မွာသ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ Sky Castle မွာလူေပါင္း (၂၀၀) ေက်ာ္အာ္အနနက္ကေ႐ြးခ်ယ္ခံရၿပီးပါဝင္ခဲ့ရတာကေနေအာင္ျမင္မႈအစပ်ိဳးဖို႔အခြင့္အလမ္းရခဲ့တာပါ။သူကေတာ့ Extraordinary You မွာမင္းသား Rowoon နဲ႔အတူပါဝင္ခဲ့ပါေသးတယ္။ ဇာတ္ကားသစ္ Then Girl On A Bulldozer မွာေတာ့ အဓိကဇာတ္႐ုပ္ကစတင္ပါဝင္ခြင့္ရခဲ့ၿပီး ခပ္မိုက္မိုက္ေကာင္မေလးတစ္ေယာက္အျဖစ္နဲ႔ ပရိသတ္ေတြမမွတ္မိႏိုင္ေလာက္ေအာင္ေျပာင္းလဲခဲ့တာပါ။
အခုဆိုရင္ေတာ့ ဗားရွင္းအသစ္နဲ႔ျပန္လည္႐ိုက္ကူးထားတဲ့ Ditto ႐ုပ္ရွင္ဇာတ္ကားမွာပါဝင္ထားျပန္ပါတယ္။ သ႐ုပ္ေဆာင္ပိုင္ႏိုင္တဲ့ Kim Hye Yoon ရဲ႕အႏုပညာေတြကို ဆက္လက္ျမင္ေတြ႕ရဦးမွာပါ ပရိသတ္ႀကီးေရ။