အခြားသူတွေကိုလက်ထပ်သင့်ကြောင်း အကြံပြုခဲ့တဲ့မင်းသား So Ji Sub
Posted on
နာမည်ကျော်မင်းသား So Ji Sub ကတော့ တီဗွီအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Cho In Jeong နဲ့ (၂၀၂၀) ခုနှစ်မှာလက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူကတော့ Confession ဇာတ်ကားနဲ့အတူ ပရိသတ်တွေဆီပြန်လာတော့မှာပါ။
သူကတော့ ဒီဇာတ်ကားရဲ့ Press Conference ပွဲမှာ ဇနီးဖြစ်သူရဲ့နာမည်ကို ပထမဆုံးထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။ ဇနီးကောင်းတစ်ယောက်အဖြစ်ထုတ်ဖာ်ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့သာယာတဲ့အိမ်ထောင်သည်ဘဝကိုပြောဆိုခဲ့တဲ့အပြင် သူဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း လက်ထပ်သင့်ကြောင်း အကြံပြုခဲ့ပါသေးတယ်။
မင်းသားကတော့လက်ထပ်ပြီးနောက်ပိုင်း စိတ်လုံခြုံနွေးထွေးမှုပိုပြီးခံစားရတဲ့အကြောင်းကိုပြောဆိုခဲ့ပါတယ်။ ညဘက်အိပ်မပျော်တဲ့ရောဂါကလည်းပျောက်ကင်းခဲ့ပြီးစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရှိလာကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်