ထိတ်လန့်သည်းဖိုအက်ရှင်ဇာတ်ကားမှာတွေ့ရမယ့် Lee Jong Suk နဲ့ Kim Rae Won

Posted on

Decibel ဆိုတဲ့ထိတ်လန့်သည်းဖိုအက်ရှင်ဇာတ်ကားဟာ ပြသဖို့(၃)ပတ်လိုနေသေးတာဖြစ်ပြီး ဒီဇဇာတ်ကားရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေကိုဖော်ပြခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့နာမည်ကျော်မင်းသားချောတွေဖြစ်တဲ့ Lee Jong Suk နဲ့ Kim Rae Won တို့အပြင် Cha Eun Woo လည်းပါဝင်ထားတာ ဖြစ်ပါတယ်။


Decibel ရုပ်ရှင်ဇာတ်ကားဟာ အကြမ်းဖက်တိုက်ခိုက်သူတွေဟာမြို့လယ်ကိုဗုံးခွဲဖို့ကြိုးစားရာက အကြမ်းဖက်မှုရဲ့ပစ်မှတ်ဖြစ်လာတဲ့ရေတပ်မှူးတစ်ယောက်အကြောင်းကို ဖော်ပြထားတာပါ။ဒီဇာတ်ကားမှာတော့ Kim Rae Won ကို ရေတပ်မှူးတစ်ယောက်အနေနဲ့တွေ့ရမှာဖြစ်ပြီး Lee Jong Suk ကတော့ရေတပ်ကပ္ပတိန်၊ Cha Eun Woo ကိုတော့ ရေတပ်အရာရှိတစ်ယောက်အနေနဲ့တွေ့မြင်ရမှာပါ။


ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်ကားရဲ့ Teaser ကထွက်ရှိလာခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကိုပြန်လည် မျှဝေလိုက်ပါတယ်။ နာမည်ကျော်မင်းသားတွေနဲ့အတူ ထိတ်လန့်သည်းဖိုအက်ရှင်ဇာတ်ကားကတော့ စိတ်ဝင်စားစရာကောင်းနေတာကြောင့် ပရိသတ်တွေမျှော်လင့်နေရတဲ့ကားကောင်းတစ်ကားပါပဲနော်။

Zawgyi ဖြင့်ဖတ်ရန်

ထိတ္လန႔္သည္းဖိုအက္ရွင္ဇာတ္ကားမွာေတြ႕ရမယ့္ Lee Jong Suk နဲ႔ Kim Rae Won

Decibel ဆိုတဲ့ထိတ္လန႔္သည္းဖိုအက္ရွင္ဇာတ္ကားဟာ ျပသဖို႔(၃)ပတ္လိုေနေသးတာျဖစ္ၿပီး ဒီဇဇာတ္ကားရဲ႕ပုံရိပ္ေတြကိုေတာ့ ပရိသတ္ေတြကိုေဖာ္ျပခဲ့ပါတယ္။ ဒီဇာတ္ကားမွာေတာ့နာမည္ေက်ာ္မင္းသားေခ်ာေတြျဖစ္တဲ့ Lee Jong Suk နဲ႔ Kim Rae Won တို႔အျပင္ Cha Eun Woo လည္းပါဝင္ထားတာ ျဖစ္ပါတယ္။


Decibel ႐ုပ္ရွင္ဇာတ္ကားဟာ အၾကမ္းဖက္တိုက္ခိုက္သူေတြဟာၿမိဳ႕လယ္ကိုဗုံးခြဲဖို႔ႀကိဳးစားရာက အၾကမ္းဖက္မႈရဲ႕ပစ္မွတ္ျဖစ္လာတဲ့ေရတပ္မႉးတစ္ေယာက္အေၾကာင္းကို ေဖာ္ျပထားတာပါ။ဒီဇာတ္ကားမွာေတာ့ Kim Rae Won ကို ေရတပ္မႉးတစ္ေယာက္အေနနဲ႔ေတြ႕ရမွာျဖစ္ၿပီး Lee Jong Suk ကေတာ့ေရတပ္ကပၸတိန္၊ Cha Eun Woo ကိုေတာ့ ေရတပ္အရာရွိတစ္ေယာက္အေနနဲ႔ေတြ႕ျမင္ရမွာပါ။


ခပ္ၾကမ္းၾကမ္းအက္ရွင္ဇာတ္ကားရဲ႕ Teaser ကထြက္ရွိလာခဲ့ၿပီျဖစ္ၿပီး ပရိသတ္ေတြကိုျပန္လည္ မွ်ေဝလိုက္ပါတယ္။ နာမည္ေက်ာ္မင္းသားေတြနဲ႔အတူ ထိတ္လန႔္သည္းဖိုအက္ရွင္ဇာတ္ကားကေတာ့ စိတ္ဝင္စားစရာေကာင္းေနတာေၾကာင့္ ပရိသတ္ေတြေမွ်ာ္လင့္ေနရတဲ့ကားေကာင္းတစ္ကားပါပဲေနာ္။