ဒရမ်မာဇာတ်လမ်းတွဲထဲကလိုရိုမန်တစ်ဆန်စွာလက်ထပ်ခွင့်တောင်းခဲ့တာကြောင့် လူပြောများနေတဲ့ Nam Goong Min နဲ့ Jin Ah Reumတို့စုံတွဲ

Posted on

အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Nam Goong Min နဲ့ Jin Ah Reum တို့ကတော့ မကြာသေးခင်ကမင်္ဂလာဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ (၇)နှစ်ကြာတွဲပြီးနောက်မှာ လက်ထပ်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။


Nam Goong Min တစ်ယောက် လက်ထပ်ခွင့်တောင်းခဲ့တဲ့ပုံစံကတော့ ကိုရီးယားဒရမ်မာဇာတ်လမ်းထဲကလို ရိုမန်တစ်ဆန်တာကြောင့်လူပြောများနေပြန်တာပဲ ဖြစ်ပါတယ်။ သူကတော့ မထင်မှတ်ထားတဲ့အချိန်မှာလက်ထပ်ခွင့်တောင်းခဲ့တာပါ။ Nam Goong Min ကတော့ ဆိုင်တစ်ခုမှာအတူအစားစားနေရင်း “မင်းကိုငါ့အတွက်တစ်ခုလုပ်ပေးစေချင်တယ်” လို့ပြောခဲ့တာပါ။ Jin Ah Reum ကတော့ “အဲ့ဒါကဘာလဲ။ပြောလို့ရပါတယ်” ဆိုပြီးတော့ တုံ့ပြန်ခဲ့တာပါ။


Nam Goong Min ကတော့ ဝိုင်အနည်းငယ်သောက်ပြီးနောက် လက်စွပ်ကိုကိုင်ကာ “ငါ့ကိုလက်ထပ်နိုင်မလား” ဆိုပြီး ရုတ်တရက်ပြောခဲ့တာဖြစ်ပါတယ်။ Jin Ah Reum ကတော့ မထင်မှတ်ထားတဲ့အခြေအနေဖြစ်ခဲ့ပြီး ဝမ်းသာကြည်နူးကာမျက်နှာကိုအုပ်ပြီးငိုကြွေးခဲ့တာဖြစ်ပါတယ်။ လူပြောများနေတဲ့ ရိုမန်တစ်ဆန်စွာလက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

 

Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာဇာတ္လမ္းတြဲထဲကလို႐ိုမန္တစ္ဆန္စြာလက္ထပ္ခြင့္ေတာင္းခဲ့တာေၾကာင့္ လူေျပာမ်ားေနတဲ့ Nam Goong Min နဲ႔ Jin Ah Reumတို႔စုံတြဲ
အႏုပညာရွင္စုံတြဲတစ္တြဲျဖစ္တဲ့ Nam Goong Min နဲ႔ Jin Ah Reum တို႔ကေတာ့ မၾကာေသးခင္ကမဂၤလာေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ (၇)ႏွစ္ၾကာတြဲၿပီးေနာက္မွာ လက္ထပ္သြားခဲ့ၾကတာပဲ ျဖစ္ပါတယ္။


Nam Goong Min တစ္ေယာက္ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ပုံစံကေတာ့ ကိုရီးယားဒရမ္မာဇာတ္လမ္းထဲကလို ႐ိုမန္တစ္ဆန္တာေၾကာင့္လူေျပာမ်ားေနျပန္တာပဲ ျဖစ္ပါတယ္။ သူကေတာ့ မထင္မွတ္ထားတဲ့အခ်ိန္မွာလက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ Nam Goong Min ကေတာ့ ဆိုင္တစ္ခုမွာအတူအစားစားေနရင္း “မင္းကိုငါ့အတြက္တစ္ခုလုပ္ေပးေစခ်င္တယ္” လို႔ေျပာခဲ့တာပါ။ Jin Ah Reum ကေတာ့ “အဲ့ဒါကဘာလဲ။ေျပာလို႔ရပါတယ္” ဆိုၿပီးေတာ့ တုံ႔ျပန္ခဲ့တာပါ။


Nam Goong Min ကေတာ့ ဝိုင္အနည္းငယ္ေသာက္ၿပီးေနာက္ လက္စြပ္ကိုကိုင္ကာ “ငါ့ကိုလက္ထပ္ႏိုင္မလား” ဆိုၿပီး ႐ုတ္တရက္ေျပာခဲ့တာျဖစ္ပါတယ္။ Jin Ah Reum ကေတာ့ မထင္မွတ္ထားတဲ့အေျခအေနျဖစ္ခဲ့ၿပီး ဝမ္းသာၾကည္ႏူးကာမ်က္ႏွာကိုအုပ္ၿပီးငိုေႂကြးခဲ့တာျဖစ္ပါတယ္။ လူေျပာမ်ားေနတဲ့ ႐ိုမန္တစ္ဆန္စြာလက္ထပ္ခြင့္ေတာင္းတဲ့ဗီဒီယိုေလးကို ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္။