မင်းသမီး Ye Jung Hwa နဲ့လက်ထပ်ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့တဲ့ Ma Dong Suk

Posted on

တောင်ကိုရီးယားမင်းသားတွေထဲမှာ သရုပ်ဆောင်ပီပြင်ကောင်းမွန်ပြီး ကမ္ဘာနဲ့အဝှမ်းကျော်ကြားတဲ့မင်းသားကတော့ Ma Dong Suk ဖြစ်ပါတယ်။ သူ့ကို နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့Train to Busan နဲ့ Along With the Gods ဇာတ်ကားတွေနဲ့အတူ သိကြမှာပါ။


မင်းသားကတော့ 12th Beautiful Artist Awards ပွဲမှာ Actor of the Year ဆုကိုရရှိခဲ့ပြီး ကျေးဇူးတင်စကားပြောခဲ့ရာမှာ ဇနီးဖြစ်သူ Jung Hwa ကို ထည့်သွင်းပြောခဲ့ပါတယ်။ အေဂျင်စီရဲ့အဆိုအရ သူတို့နှစ်ဦးဟာ တရားဝင်လက်ထပ်ထားတာဖြစ်ပြီး တစ်နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာအလုပ်ချိန်များပြားလွန်းနေတာဖြစ်ပြီး မင်္ဂလာပွဲကျင်းပဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


Ma Dong Suk နဲ့ Ye Jung Hwa သူတို့ကတော့ အသက်ကွာခြားချက်(၁၇) နှစ်တောင်ရှိတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ တောက်လျှောက်တွဲနေခဲ့တာဖြစ်ပြီးပရိသတ်တွေကလက်ထပ်တဲ့အချိန်ကို သိချင်နေခဲ့တာပါ။ Marvel ရုပ်ရှင် Eternals ရဲ့premiere ပွဲကိုတက်ရောက်ခဲ့တုန်းကလည်း သူ့ရဲ့စေ့စပ်ထားသူအနေနဲ့မိတ်ဆက်ပေးခဲ့တာပါ။
Zawgyi ဖြင့်ဖတ်ရန်


