တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ LALISA နဲ့အတူ ထူးခြားတဲ့စံချိန်သစ်ကိုရရှိခဲ့ပြီး Adele ကဲ့သို့အနုပညာမှတ်တိုင်တစ်ခုကိုစိုက်ထူခဲ့တဲ့ Lisa
Posted on
BLACKPINK အဖွဲ့ဝင်တွေကတော့ ကမ္ဘာတစ်ဝှမ်းလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့အတူ စံချိန်တွေချိုးလျက်ရှိနေပါတယ်။ Lisa အတွက်ကလည်းပဲ သမိုင်းဝင်စံချိန်တွေချိုးနိုင်တာကအထူးအဆန်းတော့မဟုတ်လှပါဘူးနော်။Lisa ကတော့ သူ့ရဲ့တစ်ကိုယ်တော်သီချင်းတွေနဲ့အတူ အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရရှိကာ စံချိန်တွေချိုးထားနိုင်တယ်လို့ ဆိုရမှာပါ။
ရဲ့အမိုက်စားတစ်ကိုယ်တော်သီချင်းဖြစ်တဲ့ LALISA ကတော့ iTunes မှာ နိုင်ငံပေါင်း(၁၀၂) နိုင်ငံရဲ့နံပါတ်တစ်နေရာကိုရယူနိုင်ခဲ့တဲ့တစ်ဦးတည်းအာရှအမျိုးသမီးအနုပညာရှင်ရဲ့သီချင်းအဖြစ် စံချိန်ရယူခဲ့တယ်လို့ ခေါင်းကြီးပိုင်းမှာဖော်ပြခြင်းခံခဲ့ရတာပါ။ ဒီလိုစံချိန်ကိုတော့ Hello သီချင်းနဲ့Adele က အမျိုးသမီးတစ်ကိုယ်တော်အနုပညာရှင်အဖြစ် ရယူထားခဲ့ဖူးတာပါ။
ဒီလိုစံချိန်ကိုတော့ Adele ရဲ့နောက် (၇) နှစ်ကြာပြီးနောက်မှ Lisa က ထပ်မံရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Lisa ကတော့ သီချင်းတစ်ပုဒ်နဲ့အတူအောင်မြင်မှုတွေရရှိနေသလို အနာဂတ်မှာလည်း အောင်မြင်မှုပေါင်းများစွာထပ်မံရရှိပါစေနော်။ Congradulations ပါ Lisa ရေ။
Zawgyi ဖြင့်ဖတ်ရန်