ထူးခြားတဲ့ရုပ်ရည်ချောမောမှုကြောင့်ကျော်ကြားသလို နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် မင်းသား Cha Eun Wooကတော့ အိုင်ဒေါတစ်ယောက်လည်း ဖြစ်သလို ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့လူသိများတဲ့သူတစ်ယောက်ပါ။ သူကတော့အခုဆိုရင် ရုပ်ရှင်ဇာတ်ကား Decibel မှာပါဝင်ကာပွဲဦးထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
Decibel ရုပ်ရှင်ဇာတ်ကားကတော့ အကြမ်းဖက်တိုက်ခိုက်သူတွေဟာမြို့လယ်ကိုဗုံးခွဲဖို့ကြိုးစားရာက အကြမ်းဖက်မှုရဲ့ပစ်မှတ်ဖြစ်လာတဲ့ရေတပ်မှူးတစ်ယောက်အကြောင်းကို ဖော်ပြထားတဲ့သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားတစ်ကားပါ။ မင်းသားကတော့ ဒီဇာတ်ကားမှာပါဝင်ခဲ့ရတဲ့အတွက်အလွန်စိတ်လှုပ်ရှားခဲ့ရကြောင်းကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် “ပထမဆုံးအနေနဲ့အံ့သြစရာကောင်းတဲ့ဒါရိုက်တာတွေစီနီယာတွေနဲ့အလုပ်တွဲလုပ်ပြီး ရုပ်ရှင်ရိုက်ခွင့်ရခဲ့တာကြောင့် ဂုဏ်ယူစရာပါပဲ။ စိတ်ခံစားချက်ကောင်းကောင်းနဲ့ရိုက်ခဲ့တယ်။ ဂုဏ်ယူပြီး စိတ်လှုပ်ရှားတယ်” လို့ဆိုပါတယ်။
Decibel ကတော့ နိုဝင်ဘာလ(၁၆)ရက်နေ့မှာ စတင်ထွက်ရှိမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Cha Eun Woo အပြင် နာမည်ကျော်မင်းသားချောတွေဖြစ်တဲ့ Lee Jong Suk နဲ့ Kim Rae Won တို့လည်းပါဝင်ထားတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
႐ုပ္ရွင္ဇာတ္ကားနဲ႔ပြဲဦးထြက္ခြင့္ရခဲ့ၿပီး မင္းသား Lee Jong Suk နဲ႔အတူတြဲလုပ္ခြင့္ရတဲ့အတြက္ ဂုဏ္ယူတယ္ဆိုတဲ့ Cha Eun Woo
ထူးျခားတဲ့႐ုပ္ရည္ေခ်ာေမာမႈေၾကာင့္ေက်ာ္ၾကားသလို ႏႈတ္ခမ္းနီမေလးေတြရဲ႕အခ်စ္ေတာ္ မင္းသား Cha Eun Wooကေတာ့ အိုင္ေဒါတစ္ေယာက္လည္း ျဖစ္သလို ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔လူသိမ်ားတဲ့သူတစ္ေယာက္ပါ။ သူကေတာ့အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကား Decibel မွာပါဝင္ကာပြဲဦးထြက္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။
Decibel ႐ုပ္ရွင္ဇာတ္ကားကေတာ့ အၾကမ္းဖက္တိုက္ခိုက္သူေတြဟာၿမိဳ႕လယ္ကိုဗုံးခြဲဖို႔ႀကိဳးစားရာက အၾကမ္းဖက္မႈရဲ႕ပစ္မွတ္ျဖစ္လာတဲ့ေရတပ္မႉးတစ္ေယာက္အေၾကာင္းကို ေဖာ္ျပထားတဲ့သည္းထိတ္ရင္ဖိုအက္ရွင္ဇာတ္ကားတစ္ကားပါ။ မင္းသားကေတာ့ ဒီဇာတ္ကားမွာပါဝင္ခဲ့ရတဲ့အတြက္အလြန္စိတ္လႈပ္ရွားခဲ့ရေၾကာင္းကို ေျပာျပခဲ့ပါတယ္။
ဒါ့အျပင္ “ပထမဆုံးအေနနဲ႔အံ့ၾသစရာေကာင္းတဲ့ဒါ႐ိုက္တာေတြစီနီယာေတြနဲ႔အလုပ္တြဲလုပ္ၿပီး ႐ုပ္ရွင္႐ိုက္ခြင့္ရခဲ့တာေၾကာင့္ ဂုဏ္ယူစရာပါပဲ။ စိတ္ခံစားခ်က္ေကာင္းေကာင္းနဲ႔႐ိုက္ခဲ့တယ္။ ဂုဏ္ယူၿပီး စိတ္လႈပ္ရွားတယ္” လို႔ဆိုပါတယ္။
Decibel ကေတာ့ ႏိုဝင္ဘာလ(၁၆)ရက္ေန႔မွာ စတင္ထြက္ရွိမွာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ Cha Eun Woo အျပင္ နာမည္ေက်ာ္မင္းသားေခ်ာေတြျဖစ္တဲ့ Lee Jong Suk နဲ႔ Kim Rae Won တို႔လည္းပါဝင္ထားတာ ျဖစ္ပါတယ္။