ပထမဆုံးအနေနဲ့အာရှကပရိသတ်တွေနဲ့တွေ့ဆုံမယ့် Fan meeting tour အတွက် မနီလာမြို့ကိုထွက်ခွာလာတဲ့ Park Eun Bin

Posted on

ကလေးသရုပ်ဆောင်ဘဝကစပြီးပရိသတ်တွေရဲ့အချစ်ကိုရရှိလာတဲ့မင်းသမီးချောလေး Park Eun Bin ကတော့ ပထမဆုံးအနေနဲ့အာရှကပရိသတ်တွေနဲ့တွေ့ဆုံမယ့် fan meeting tour အတွက် ပြည်ပကိုထွက်ခွာလာတာ ဖြစ်ပါတယ်။ သူ့ကိုတော့ အင်ချွန်းလေဆိပ်မှာ အောက်တိုဘာလ(၂၂)ရက်နေ့မှာတွေ့ခဲ့ရတာပါ။


သူကတော့ 2022 PARK EUN-BIN Asia Fan Meeting Tour – EUN- BIN NOTE: BINKAN in Manila ပွဲအတွက် မနီလာမြို့ကိုထွက်ရှိခွာလာခဲ့ပုံပါပဲ။ အနက်ရောင်အနားသားတွေနဲ့အလှဆင်ထားတဲ့အဖြူဆွတ်ဆွတ်ဆွယ်တာအရှည်ကိုဝတ်ဆင်ထားပြီး အဖြူရောင်ဘွတ်ဖိနပ်တွေကိုဝတ်ဆင်ထားတဲ့ပုံကတော့ Park Eun Bin ရဲ့ချစ်စရာပုံရိပ်ကိုပေါ်လွင်စေပါတယ်။


မင်းသမီးကတော့ ပထမဆုံး Fan Meeting ကို ကိုရီးယားမှာကျင်းပခဲ့တာဖြစ်ပြီး ဒါကတော့ ပြည်ပကပရိသတ်တွေနဲ့တွေ့ဆုံတဲ့ Fan Meeting လို့ဆိုရမှာပါ။ သူကတော့ အာရှနိုင်ငံတွေကပရိသတ်တွေနဲ့တွေ့ဆုံဖို့စီစဉ်ထားတာဖြစ်ပြီး အောက်တိုဘာလ(၂၃)ရက်နေ့မှာ မနီလာမြို့ကပရိသတ်တွေနဲ့တွေ့ဆုံမှာပါ။အဲ့ဒီနောက်မှာတော့ စင်္ကာပူ၊ ဘန်ကောက်နဲ့ တိုကျိုမြို့တွေကို နိုဝင်ဘာလအတွင်းမှာသွားမယ်လို့သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပထမဆုံးအေနနဲ႔အာရွကပရိသတ္ေတြနဲ႔ေတြ႕ဆုံမယ့္ Fan meeting tour အတြက္ မနီလာၿမိဳ႕ကိုထြက္ခြာလာတဲ့ Park Eun Bin
ကေလးသ႐ုပ္ေဆာင္ဘဝကစၿပီးပရိသတ္ေတြရဲ႕အခ်စ္ကိုရရွိလာတဲ့မင္းသမီးေခ်ာေလး Park Eun Bin ကေတာ့ ပထမဆုံးအေနနဲ႔အာရွကပရိသတ္ေတြနဲ႔ေတြ႕ဆုံမယ့္ fan meeting tour အတြက္ ျပည္ပကိုထြက္ခြာလာတာ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ အင္ခြၽန္းေလဆိပ္မွာ ေအာက္တိုဘာလ(၂၂)ရက္ေန႔မွာေတြ႕ခဲ့ရတာပါ။


သူကေတာ့ 2022 PARK EUN-BIN Asia Fan Meeting Tour – EUN- BIN NOTE: BINKAN in Manila ပြဲအတြက္ မနီလာၿမိဳ႕ကိုထြက္ရွိခြာလာခဲ့ပုံပါပဲ။ အနက္ေရာင္အနားသားေတြနဲ႔အလွဆင္ထားတဲ့အျဖဴဆြတ္ဆြတ္ဆြယ္တာအရွည္ကိုဝတ္ဆင္ထားၿပီး အျဖဴေရာင္ဘြတ္ဖိနပ္ေတြကိုဝတ္ဆင္ထားတဲ့ပုံကေတာ့ Park Eun Bin ရဲ႕ခ်စ္စရာပုံရိပ္ကိုေပၚလြင္ေစပါတယ္။


မင္းသမီးကေတာ့ ပထမဆုံး Fan Meeting ကို ကိုရီးယားမွာက်င္းပခဲ့တာျဖစ္ၿပီး ဒါကေတာ့ ျပည္ပကပရိသတ္ေတြနဲ႔ေတြ႕ဆုံတဲ့ Fan Meeting လို႔ဆိုရမွာပါ။ သူကေတာ့ အာရွႏိုင္ငံေတြကပရိသတ္ေတြနဲ႔ေတြ႕ဆုံဖို႔စီစဥ္ထားတာျဖစ္ၿပီး ေအာက္တိုဘာလ(၂၃)ရက္ေန႔မွာ မနီလာၿမိဳ႕ကပရိသတ္ေတြနဲ႔ေတြ႕ဆုံမွာပါ။အဲ့ဒီေနာက္မွာေတာ့ စကၤာပူ၊ ဘန္ေကာက္နဲ႔ တိုက်ိဳၿမိဳ႕ေတြကို ႏိုဝင္ဘာလအတြင္းမွာသြားမယ္လို႔သိရပါတယ္။