ITZY အဖွဲ့ရဲ့သီချင်းသစ်ဟာ Taylor Swift ရဲ့သီချင်းဖြစ်တဲ့ Love Story နဲ့ဆင်တူနေခဲ့

Posted on

JYP Entertaiment ရဲ့နာမည်ကျော်အမျိုးသမီးအိုင်ဒေါအဖွဲ့ဖြစ်တဲ့ ITZY ကို ပရိသတ်တွေသိကြမှာပါ။ ITZY ကတေ့ာအယ်လ်ဘမ်အသစ်ထွက်ရှိတော့မှာဖြစ်ပြီး အယ်လ်ဘမ်အသစ်ရဲ့ pre-release သီချင်းဖြစ်တဲ့ ‘Boys Like You’ ဟာ အောက်တိုဘာလ(၂၁)ရက်နေ့မှာထွက်ရှိလာခဲ့တာဖြစ်ပါတယ်။


ဒီသီချင်းကတော့ ဆွဲဆောင်မှုရှိပြီးနားဝင်လွယ်စေတဲ့သံစဉ်တွေကြောင့် ပရိသတ်တွေရဲ့ချီးမွမ်းမှုတွေကို ရရှိခဲ့တာပါ။ အင်တာနက်အသုံးပြုသူတချို့ကတော့ ဒီသီချင်းရဲ့သံစဉ်ဟာ (၂၀၀၉)ခုနှစ်ကထွက်ရှိခဲ့တဲ့ Taylor Swift ရဲ့နာမည်ကျော်သီချင်းဖြစ်တဲ့ Love Story ရဲ့သံစဉ်နဲ့တူနေတာကို ထောက်ပြခဲ့ကြပါတယ်။ ဒီသီချင်းရဲ့ Chorus အပိုဒ်ဖြစ်တဲ့ Boy, gonna diss me? Boy, I’m so pissed. Boy, gonna miss me. Boy, you are dismissed ဆိုတဲ့အပိုဒ်ကဆင်တူနေတာ ဖြစ်ပါတယ်။


ဒီသီချင်းနဲ့ပတ်သက်ပြီးတော့ တော်တော်များများက မှတ်ချက်ပြုခဲ့ကြတာဖြစ်ပြီး JYP ကတော့ ဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပြောကြားတာမရှိသေးပါဘူး။ ဘယ်လိုပဲမှတ်ချက်ပြုကြပေမယ့် ITZY ရဲ့သီချင်းအသစ်ကတော့ ဆွဲဆောင်မှုရှပြီးနှစ်လိုဖွယ်ရာသီချင်းတစ်ပုဒ်ဆိုတာ မငြင်းနိုင်ပါဘူးနော်။
Zawgyi ဖြင့်ဖတ်ရန်

ITZY အဖြဲ႕ရဲ႕သီခ်င္းသစ္ဟာ Taylor Swift ရဲ႕သီခ်င္းျဖစ္တဲ့ Love Story နဲ႔ဆင္တူေနခဲ့
JYP Entertaiment ရဲ႕နာမည္ေက်ာ္အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ျဖစ္တဲ့ ITZY ကို ပရိသတ္ေတြသိၾကမွာပါ။ ITZY ကေတ့ာအယ္လ္ဘမ္အသစ္ထြက္ရွိေတာ့မွာျဖစ္ၿပီး အယ္လ္ဘမ္အသစ္ရဲ႕ pre-release သီခ်င္းျဖစ္တဲ့ ‘Boys Like You’ ဟာ ေအာက္တိုဘာလ(၂၁)ရက္ေန႔မွာထြက္ရွိလာခဲ့တာျဖစ္ပါတယ္။


ဒီသီခ်င္းကေတာ့ ဆြဲေဆာင္မႈရွိၿပီးနားဝင္လြယ္ေစတဲ့သံစဥ္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ခ်ီးမြမ္းမႈေတြကို ရရွိခဲ့တာပါ။ အင္တာနက္အသုံးျပဳသူတခ်ိဳ႕ကေတာ့ ဒီသီခ်င္းရဲ႕သံစဥ္ဟာ (၂၀၀၉)ခုႏွစ္ကထြက္ရွိခဲ့တဲ့ Taylor Swift ရဲ႕နာမည္ေက်ာ္သီခ်င္းျဖစ္တဲ့ Love Story ရဲ႕သံစဥ္နဲ႔တူေနတာကို ေထာက္ျပခဲ့ၾကပါတယ္။ ဒီသီခ်င္းရဲ႕ Chorus အပိုဒ္ျဖစ္တဲ့ Boy, gonna diss me? Boy, I’m so pissed. Boy, gonna miss me. Boy, you are dismissed ဆိုတဲ့အပိုဒ္ကဆင္တူေနတာ ျဖစ္ပါတယ္။

ဒီသီခ်င္းနဲ႔ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက မွတ္ခ်က္ျပဳခဲ့ၾကတာျဖစ္ၿပီး JYP ကေတာ့ ဒါနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာေျပာၾကားတာမရွိေသးပါဘူး။ ဘယ္လိုပဲမွတ္ခ်က္ျပဳၾကေပမယ့္ ITZY ရဲ႕သီခ်င္းအသစ္ကေတာ့ ဆြဲေဆာင္မႈရွၿပီးႏွစ္လိုဖြယ္ရာသီခ်င္းတစ္ပုဒ္ဆိုတာ မျငင္းႏိုင္ပါဘူးေနာ္။