အိုလံပစ် figure skating ချန်ပီယံတစ်ယောက်ဖြစ်တဲ့ Kim Yuna နဲ့ FORESTELLAအဖွဲ့ဝင် Ko Woo Rim တို့ကတော့ ဒီနေ့အောက်တိုဘာလ (၂၂) ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ကတော့ တောင်ကိုရီးယားနိုင်ငံအနုပညာရှင်တွေရဲ့မင်္ဂလာသတင်းအများဆုံးကြားရတဲ့နှစ်လို့လည်း ဆိုရမှာပါ။
Ko Woo Rim နဲ့ Kim Yuna တို့နှစ်ဦးကတော့ ဆိုးလ်မှာရှိတဲ့ Shilla ဟိုတယ်မှာသီးသန့်မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာနေ့မှာတော့ ကြည်နူးဖွယ်ရာမင်္ဂလာပုံရိပ်များစွာကို မျှဝေပေးခဲ့တာပါ။ သူတို့နှစ်ဦးကတော့ (၂၀၁၈) ခုနှစ်မှာစတင်ဆုံတွေ့ခဲ့တာဖြစ်ပြီး ချစ်သူတွေအဖြစ်တွဲတာ (၃)နှစ်ကြာပြီးနောက် ပြီးခဲ့တဲ့ဇူလိုင်လကမင်္ဂလာသတင်းကိုအသိပေးကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
Ko Woo Rim ရဲ့အေဂျင်စီဖြစ်တဲ့ BEAT Interactive ကတော့ ဘဝအသစ်ကိုစတင်တော့မယ့် Ko Woo Rim ကို ဂုဏ်ပြုစကားဆိုပေးဖို့အတွက်တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ လှပတဲ့မင်္ဂလာပုံရိပ်များစွာကိုပရိသတ်ကိုမျှဝေလိုက်ပါတယ်။ Congradulations ပါ Ko Woo Rim နဲ့ Kim Yuna တို့ရေ…
Zawgyi ဖြင့်ဖတ်ရန်
FORESTELLAအဖွဲ့ဝင် Ko Woo Rim နဲ့ Kim Yuna တို့ရဲ့ ကြည်နူးဖွယ်မင်္ဂလာဓာတ်ပုံတွေကိုမျှဝေခဲ့