Remember ရုပ်ရှင်ကားရဲ့ premiere ပွဲကိုတက်ရောက်လာတဲ့ Rose’

Posted on

BLACKPINK အဖွဲ့ဝင်တွေကတော့ Worl Tour အတွက်ကိုရီးယားကမထွက်ရှိခင်မှာ အမျိုးမျိုးသောပွဲတွေတက်ရောက်နေခဲ့ရတာဖြစ်ပြီး Rose’ ကတော့ premiere တစ်ခုကိုဧည့်သည်အနေနဲ့တက်ရောက်ခဲ့တာပါ။ ဒီပွဲကတော့ မင်းသား Nam Joo Hyuk နဲ့ Lee Sung Min တို့နှစ်ဦးရဲ့ဇာတ်ကားသစ်ရဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမှာတော့ Rose’ဟာ အနက်ရောင်ဝတ်စုံ၊အဖြူရောက်ရှပ်နဲ့အတူ ဒေါက်ဖိနပ်မဟုတ်ဘဲ Teddy Derbiesကိုအတွဲအစပ်မိစွာ ဝတ်ဆင်လာခဲ့တာပါ။ အမိုက်စားဖက်ရှင်ကျနေတဲ့ Rose’ကတော့ ကင်မရာရိုက်ချက်တွေမှာ စတိုင်ကျပြီးထင်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ Rose’ကတော့ ဒီဇာတ်ကားကို ရယ်စရာလည်းကောင်းပြီး စိတ်လှုပ်ရှားစရာလည်းကောင်းတာကြောင့် ကြည့်ရှူကြဖို့ပြောခဲ့ပါသေးတယ်။


Remember ဇာတ်ကားမှာတော့ အသက် (၈၀) အရွယ်အမျိုးသားဟာ ဂျပန်တွေအုပ်ချုပ်ခဲ့စဉ်အချိန်က တစ်စုံတစ်ယောက်ကြောင့် အရာရာဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာ အယ်ဇိုင်းမားရောဂါရှိနေတာဖြစ်ပြီး မှတ်ညဏ်တွေမပျောက်ဆုံးခင်မှာသူ့ရဲ့ လက်စားချေမှုကို အသက် (၂၀) အရွယ်အမျိုးသားကကူညီပေးတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Remember ႐ုပ္ရွင္ကားရဲ႕ premiere ပြဲကိုတက္ေရာက္လာတဲ့ Rose’
BLACKPINK အဖြဲ႕ဝင္ေတြကေတာ့ Worl Tour အတြက္ကိုရီးယားကမထြက္ရွိခင္မွာ အမ်ိဳးမ်ိဳးေသာပြဲေတြတက္ေရာက္ေနခဲ့ရတာျဖစ္ၿပီး Rose’ ကေတာ့ premiere တစ္ခုကိုဧည့္သည္အေနနဲ႔တက္ေရာက္ခဲ့တာပါ။ ဒီပြဲကေတာ့ မင္းသား Nam Joo Hyuk နဲ႔ Lee Sung Min တို႔ႏွစ္ဦးရဲ႕ဇာတ္ကားသစ္ရဲ႕ပြဲလည္း ျဖစ္ပါတယ္။


ဒီပြဲမွာေတာ့ Rose’ဟာ အနက္ေရာင္ဝတ္စုံ၊အျဖဴေရာက္ရွပ္နဲ႔အတူ ေဒါက္ဖိနပ္မဟုတ္ဘဲ Teddy Derbiesကိုအတြဲအစပ္မိစြာ ဝတ္ဆင္လာခဲ့တာပါ။ အမိုက္စားဖက္ရွင္က်ေနတဲ့ Rose’ကေတာ့ ကင္မရာ႐ိုက္ခ်က္ေတြမွာ စတိုင္က်ၿပီးထင္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ Rose’ကေတာ့ ဒီဇာတ္ကားကို ရယ္စရာလည္းေကာင္းၿပီး စိတ္လႈပ္ရွားစရာလည္းေကာင္းတာေၾကာင့္ ၾကည့္ရႉၾကဖို႔ေျပာခဲ့ပါေသးတယ္။


Remember ဇာတ္ကားမွာေတာ့ အသက္ (၈၀) အ႐ြယ္အမ်ိဳးသားဟာ ဂ်ပန္ေတြအုပ္ခ်ဳပ္ခဲ့စဥ္အခ်ိန္က တစ္စုံတစ္ေယာက္ေၾကာင့္ အရာရာဆုံးရႈံးခဲ့ပါတယ္။ လက္ရွိမွာ အယ္ဇိုင္းမားေရာဂါရွိေနတာျဖစ္ၿပီး မွတ္ညဏ္ေတြမေပ်ာက္ဆုံးခင္မွာသူ႔ရဲ႕ လက္စားေခ်မႈကို အသက္ (၂၀) အ႐ြယ္အမ်ိဳးသားကကူညီေပးတဲ့အေၾကာင္းကို ႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။