မင်းသမီးချော Han So Hee ကတော့ သူငယ်ချင်းဖြစ်သူတွေကိုဂရုစိုက်တဲ့သူတစ်ယောက်ဖြစ်ပုံပါပဲ။ သူကတော့ My Name ဇာတ်လမ်းတွဲရဲ့တွဲဖက်သရုပ်ဆောင် Moon Sang Min နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ်ရှိနေဆဲပါ။
Han So Hee ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ သူငယ်ချင်းတွေစုပြီးတော့ ဇာတ်လမ်းတွဲကိုကြည့်ရှုနေတဲ့ကြောင်းကို စတိုရီကနေပြီးမျှဝေခဲ့တာပါ။ သူတို့ကတော့ သူငယ်ချင်းဖြစ်တဲ့ Moon Sang Min ပါဝင်ထားတဲ့ Under the Queen’s Umbrella ဇာတ်လမ်းတွဲ ကိုကြည့်နေကြတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Moon Sang Min ဟာ တော်ဝင်မင်းသား Seong Nam အနေနဲ့ပါဝင်ထားတာပါ။
Han So Hee နဲ့ Moon Sang Min တို့နှစ်ဦးကတော့ My Name ဆိုတဲ့ Netflix စီးရီးတစ်ခုမှာအတူအလုပ်လုပ်ခဲ့ကြဖူးပါတယ်။ မင်းသား Moon Sang Min ကတော့ (၂၀၀၀) ခုနှစ်ဖွားတစ်ယောက်ဖြစ်ပြီး (၂၀၁၉) ခုနှစ်က Four Reasons to Hate Christmas ဆိုတဲ့ဒရမ်မာနဲ့အတူ ပွဲဦးထွက်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
သူငယ်ချင်းဖြစ်သူရဲ့ဒရမ်မာဇာတ်လမ်းတွဲကိုအတူကြည့်ပြီးအားပေးခဲ့တဲ့ မင်းသမီး Han So Hee