ရေပန်းအစားဆုံးအဖြစ်ရှိနေတဲ့ One Dollar Lawyer ဒရမ်မာနဲ့သရုပ်ဆောင်တွေ

Posted on

SBS ရဲ့ One Dollar Lawyer ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြား လူကြိုက်များရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ရေပန်းအစားဆုံးစာရင်းတွေကိုဖော်ပြပေးနေတဲ့ Good Data Corporation ကတော့ ဒီအပတ်အတွက် ရေပန်းအစားဆုံးအဖြစ် One Dollar Lawyer ကိုဖော်ပြခဲ့ပါတယ်။


ဒီလိုအဆင့်သတ်မှတ်ချက်တွေကတော့ လက်ရှိပြသနေတဲ့ဒရမ်မာတွေနဲ့မကြာခင်ပြသတော့မယ့်ဒရမ်မာတွေနဲ့ပတ်သက်ပြီး အွန်လိုင်းအသုံးပြုသူတွေကြား သတင်း၊ဘလော့၊ ဗီဒီယိုနဲ့လူမှုကွန်ရက်တွေကအချက်အလက်တွေကိုကောက်ခံပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့ မင်းသား Nam Goong Min ကလည်းပဲ ရေပန်းအစားဆုံးသရုပ်ဆောင်အဖြစ် နံပါတ်တစ်နေရာမှာ ရှိနေပြီးတွဲဖက်သရုပ်ဆောင် Lee Chung Ah ကတော့ နံပါတ်(၃) နေရာမှာရှိနေတာပါ။


ဒါ့အပြင် Love in Contract ဇာတ်လမ်းတွဲရဲ့မင်းသမီး Park Min Young ကတော နံပါတ်(၂)နေရာမှာရှိနေပြီးတွဲဖက်သရုပ်ဆောင် Go Kyung Pyo ကတော့ နံပါတ်(၂)နေရာမှာနေရာယူထားတာဖြစ်ပါတယ်။ ပရိသတ်တွေကြားနာမည်ကြီးနေတဲ့နန်းတွင်းဇာတ်ကား The Queen’s Umbrella ကတော့ ရေပန်းအစားဆုံးဒရမ်မာနေရာမှာ နံပါတ်(၂)အဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးကရော ဘယ်ဇာတ်ကားတွေကိုကြည့်ဖြစ်နေလဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ေရပန္းအစားဆုံးအျဖစ္ရွိေနတဲ့ One Dollar Lawyer ဒရမ္မာနဲ႔သ႐ုပ္ေဆာင္ေတြ
SBS ရဲ႕ One Dollar Lawyer ဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြၾကား လူႀကိဳက္မ်ားေရပန္းစားေနတာလည္း ျဖစ္ပါတယ္။ ေရပန္းအစားဆုံးစာရင္းေတြကိုေဖာ္ျပေပးေနတဲ့ Good Data Corporation ကေတာ့ ဒီအပတ္အတြက္ ေရပန္းအစားဆုံးအျဖစ္ One Dollar Lawyer ကိုေဖာ္ျပခဲ့ပါတယ္။


ဒီလိုအဆင့္သတ္မွတ္ခ်က္ေတြကေတာ့ လက္ရွိျပသေနတဲ့ဒရမ္မာေတြနဲ႔မၾကာခင္ျပသေတာ့မယ့္ဒရမ္မာေတြနဲ႔ပတ္သက္ၿပီး အြန္လိုင္းအသုံးျပဳသူေတြၾကား သတင္း၊ဘေလာ့၊ ဗီဒီယိုနဲ႔လူမႈကြန္ရက္ေတြကအခ်က္အလက္ေတြကိုေကာက္ခံၿပီး ဆုံးျဖတ္တာျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာပါဝင္ထားတဲ့ မင္းသား Nam Goong Min ကလည္းပဲ ေရပန္းအစားဆုံးသ႐ုပ္ေဆာင္အျဖစ္ နံပါတ္တစ္ေနရာမွာ ရွိေနၿပီးတြဲဖက္သ႐ုပ္ေဆာင္ Lee Chung Ah ကေတာ့ နံပါတ္(၃) ေနရာမွာရွိေနတာပါ။


ဒါ့အျပင္ Love in Contract ဇာတ္လမ္းတြဲရဲ႕မင္းသမီး Park Min Young ကေတာ နံပါတ္(၂)ေနရာမွာရွိေနၿပီးတြဲဖက္သ႐ုပ္ေဆာင္ Go Kyung Pyo ကေတာ့ နံပါတ္(၂)ေနရာမွာေနရာယူထားတာျဖစ္ပါတယ္။ ပရိသတ္ေတြၾကားနာမည္ႀကီးေနတဲ့နန္းတြင္းဇာတ္ကား The Queen’s Umbrella ကေတာ့ ေရပန္းအစားဆုံးဒရမ္မာေနရာမွာ နံပါတ္(၂)အျဖစ္ရွိေနတာလည္းျဖစ္ပါတယ္။ ပရိသတ္ႀကီးကေရာ ဘယ္ဇာတ္ကားေတြကိုၾကည့္ျဖစ္ေနလဲေနာ္။