ဖျော်ဖြေပွဲမှာမြင်တွေ့ရတဲ့ Park Bom ရဲ့ပုံစံကြောင့် ပရိသတ်တွေကသူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ခဲ့ကြ

Posted on

Park Bom ကတော့ မကြာသေးခင်ကဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ 2022 POPSTIVAL ဆိုတဲ့ပွဲကိုတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ “Fire” “Spring” “4:44” “Don’t Cry” နဲ့ “You & I” စတဲ့သီချင်းတွေကိုသီဆိုဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်တွေကတော့ Park Bom ရဲ့ဖျော်ဖြေမှုနဲ့ အတူပျော်ရွှင်ခဲ့ရပေမယ့် သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကစိတ်ပူခဲ့ကြပါတယ်။


Park Bom ကတော့ ဇူလိုင်နဲ့ သြဂုတ်လမှာတွေ့ခဲ့တုန်းကထက် ကိုယ်အလေးချိန်တက်လာခဲ့တာ ဖြစ်ပါတယ်။ သူကတော့ Attention Deficit Disorder (ADD) ဆိုတဲ့ အာရုံစူးစိုက်မှုအားနည်းရောဂါတဲ့ကိုခံစားနေရတဲ့သူပါ။ Park Bom ဟာ စိတ်ဖိစီးမှုတွေခံစားရတဲ့အခါမှာ အစားစားတာကိုထိန်းချုပ်မှုမလုပ်နိုင်ဘူးလို့ သိရပါတယ်။ အခုဆိုရင် အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်များစွာတက်ခဲ့တာကြောင့် ပရိသတ်တွေက စိုးရိမ်ပူပန်နေတာလည်း ဖြစ်ပါတယ်။


ဒီအကြောင်းအရာကလူပြောများလာပြီးနောက်မှာ သူ့ရဲ့အေဂျင်စီကတော့ Park Bom မှာကျန်းမာရေးနဲ့ပတ်သက်တဲ့ပြသနာတစ်စုံတစ်ရာမရှိကြောင်းနဲ့ Diet လုပ်ဖို့စတင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ အရင်နှစ်ကလည်း Park Bom တစ်ယောက်ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့တာကြောင့် လူပြောများခဲ့ပါသေးတယ်။ သူကတော့ ADD ရောဂါအတွက်ကုသမှုတွေခံယူနေတာကြောင့် Diet လုပ်ရတာခက်ခဲကြောင်းပြောခဲ့ပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

ေဖ်ာ္ေျဖပြဲမွာျမင္ေတြ႕ရတဲ့ Park Bom ရဲ႕ပုံစံေၾကာင့္ ပရိသတ္ေတြကသူ႔ရဲ႕က်န္းမာေရးကိုစိုးရိမ္ခဲ့ၾက
Park Bom ကေတာ့ မၾကာေသးခင္ကဖိလစ္ပိုင္ႏိုင္ငံမွာက်င္းပတဲ့ 2022 POPSTIVAL ဆိုတဲ့ပြဲကိုတက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ “Fire” “Spring” “4:44” “Don’t Cry” နဲ႔ “You & I” စတဲ့သီခ်င္းေတြကိုသီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ Park Bom ရဲ႕ေဖ်ာ္ေျဖမႈနဲ႔ အတူေပ်ာ္႐ႊင္ခဲ့ရေပမယ့္ သူ႔ရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကစိတ္ပူခဲ့ၾကပါတယ္။


Park Bom ကေတာ့ ဇူလိုင္နဲ႔ ၾသဂုတ္လမွာေတြ႕ခဲ့တုန္းကထက္ ကိုယ္အေလးခ်ိန္တက္လာခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ Attention Deficit Disorder (ADD) ဆိုတဲ့ အာ႐ုံစူးစိုက္မႈအားနည္းေရာဂါတဲ့ကိုခံစားေနရတဲ့သူပါ။ Park Bom ဟာ စိတ္ဖိစီးမႈေတြခံစားရတဲ့အခါမွာ အစားစားတာကိုထိန္းခ်ဳပ္မႈမလုပ္ႏိုင္ဘူးလို႔ သိရပါတယ္။ အခုဆိုရင္ အခ်ိန္တိုအတြင္းမွာ ကိုယ္အေလးခ်ိန္မ်ားစြာတက္ခဲ့တာေၾကာင့္ ပရိသတ္ေတြက စိုးရိမ္ပူပန္ေနတာလည္း ျဖစ္ပါတယ္။


ဒီအေၾကာင္းအရာကလူေျပာမ်ားလာၿပီးေနာက္မွာ သူ႔ရဲ႕ေအဂ်င္စီကေတာ့ Park Bom မွာက်န္းမာေရးနဲ႔ပတ္သက္တဲ့ျပသနာတစ္စုံတစ္ရာမရွိေၾကာင္းနဲ႔ Diet လုပ္ဖို႔စတင္ေနၿပီလို႔ ထုတ္ျပန္ခဲ့ပါတယ္။ အရင္ႏွစ္ကလည္း Park Bom တစ္ေယာက္ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ႏိုင္ခဲ့တာေၾကာင့္ လူေျပာမ်ားခဲ့ပါေသးတယ္။ သူကေတာ့ ADD ေရာဂါအတြက္ကုသမႈေတြခံယူေနတာေၾကာင့္ Diet လုပ္ရတာခက္ခဲေၾကာင္းေျပာခဲ့ပါေသးတယ္။